မြန်မာ့စပါးအုံးမ၏ ပထမဆုံးရိုးရာလက်ဝှေ့ပွဲ အနိုင်ရလဒ်ဖြင့် အဖွင့်လှခဲ့

2.6K
မန္တလေးမြို့ မန္တလာသီရိအား ကစားရုံမှာ အောက်တိုဘာ ၄ ရက်က ထိုးသတ်ခဲ့တဲ့ WLC နဲ့ GTC တို့ ပူးပေါင်း ကျင်းပတဲ့ပွဲမှာ မြန်မာစပါအုံးမလို့ အမည်ပြောင်ပေးထားတဲ့ ဗြိတိန်နိုင်ငံသူ နီကိုလာလာ့ခ် က သူ့ရဲ့ ပထမဆုံးရိုးရာ လက်ဝှေ့ပွဲမှာ အဖွင့်လှခဲ့တာ ဖြစ်ပါ တယ်။
နီကိုလာဟာ ပြိုင်ဘက်ဟန်ဂေရီ သူဘီယန်ကာကို ၃ ချီ အတွင်း အလဲမထိုးနိုင်ခဲ့ပေမယ့် အသာစီး ထိုးသတ်နိုင်ခဲ့လို့ အမှတ်နဲ့အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
နီကိုလာဘာ့ခ်ရဲ့ မိခင်ဟာ မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တာကြောင့် နီကိုလာက Burmese Python အမည် နဲ့ မြန်မာနိုင်ငံကိုယ်စားပြု ထိုးသတ်ခဲ့တာဖြစ်ပါတယ်။
မိခင်ဖြစ်သူရဲ့ မွေးရပ်မြေမှာ အနိုင်ရလဒ်နဲ့ ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့လို့ ဂုဏ်ယူမိတယ် လို့ နီကိုလာက ပွဲအပြီးမှာ ပြောပါတယ်။
တခြားအဓိက တွဲဆိုင်းဖြစ်နဲ့ သွေးသစ်ဝင်းလှိုင်နဲ့ ဂျာမနီက ဘရုလက်ပွဲမှာ ဒုတိယအချီ ၂ မိနစ်၂၁ စက္ကန့် မှာ သွေးသစ်ဝင်းလှိုင်က အလဲထိုးနဲ့အနိုင်ရခဲ့ပါတယ်။
ဒါ့အပြင် အဓိက တွဲဆိုင်းတပွဲဖြစ်တဲ့ ဖျံသွေးနဲ့ ရွှေရာမာဉ်ပွဲမှာ ဖျံသွေးက စတုတ္ထအချီမှာ အလဲထိုးနဲ့ အနိုင်သွားခဲ့ပါတယ်။
တခြားပွဲစဉ်တွေအနေနဲ့ သိန်းစိုး Vs စိုးဝင်းသန်း (နိုင်)၊ စောမင်းနိုင် Vs စောကောင်းထက် (နိုင်)၊ ဟိန်းထွန်းအောင် Vs အောက်ချင်းလေး ( နိုင်)၊ သွေးသစ်မောင် (နိုင်) Vs အိုမာအယ်လ်လိုရက်စ်၊ မိုက်ရိုင်း (နိုင်) Vs ငုရင်ထန်းထရန်၊ ယူခလိန်းမင်း Vs အေလိတ်ဒေး (နိုင်)၊
ကျော်စွာဝင်း Vs ပတ်ကျော်လင်းနိုင် (ပူးတွဲသရေ)၊ လွမ်ချိူင်း Vs ထူးနေသူ (ပူးတွဲသရေ)၊ ရဲသွေးနီ Vs စောမင်းမင်း (ပူးတွဲသရေ) နဲ့ သပြေညို Vs ရန်နိုင်ထွန်း (ပူးတွဲသရေ) တို့စသည်ဖြင့် အသီးသီး ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။