အကြောသေအမျိုးသား ဦးနှောက်က အမိန့်ပေးသည့် ရိုဘော့စနစ်သုံး လမ်းလျှောက်နိုင်ပြီ (ရုပ်သံ)

1.1K
ခြေ၊ လက်တွေ အကြောသေနေသူ အမျိုးသားတဦးဟာ ဦးနှောက်က အမိန့်ပေးစေခိုင်းတဲ့ ရိုဘော့စနစ်ကို သုံးပြီး လမ်းလျှောက်နိုင်ပြီ ဖြစ်ပါတယ်။
ခြေ၊ လက်တွေ အကြောသေနေတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားဟာ ဦးနှောက်အတွင်း ထည့်သွင်းထားတဲ့ ဆင်ဆာစနစ်ကို သုံးပြီး သူ့ခြေလက်တွေကို လှုပ်ရှားနိုင်ပါတယ်။
အဲဒီဆင်ဆာကနေ သူ့ခြေလက်တွေ လှုပ်ရှားဖို့ သတင်းစကား ပို့ပေးတာပါ။ ၂ နှစ်ကြာ စမ်းသပ်ပြီးနောက်မှာ အခုလို လှုပ်ရှားနိုင်တာလည်း ဖြစ်ပါတယ်။
ဒီသုတေသနရလဒ်ကနေ တနေ့မှာ လေဖြတ်ဝေဒနာရှင်တွေကို ဦးနှောက်စေခိုင်းချက် တခုတည်းနဲ့ ကွန်ပျူတာတွေ အသုံးပြုနိုင်စေဖို့ ဆရာဝန်တွေအတွက် ခြေတလှမ်း ပိုနီးစပ်စေပါတယ်။
ဒါပေမဲ့ အခုတီထွင်ထားတဲ့ ခန္ဓာကိုယ်ငြမ်းလို့ ခေါ်တဲ့ exoskeleton ဟာ စမ်းသပ်မှုရှေ့ပြေးအဆင့်သာ ရှိပြီး ဆေးရုံတွေမှာသုံးဖို့ ကြာမြင့်ဦးမယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။