A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် အင်းလေးဒေသသို့ သွားရောက်လေ့လာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  အင်းလေး အမွေအနှစ် ဖောင်ဒေးရှင်းနဲ့ အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားရှိမှု အခြေအနေကို သွားရောက်လေ့လာခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းက အထူးလေယာဉ်နဲ့ နေပြည်တော်မှ ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့ကို သွားရောက်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တာဝန်ရှိသူတွေဟာ  ညောင်ရွှေမြို့ကနေ စက်လှေတွေနဲ့ အင်းလေးဒေသနှင့် အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားရှိမှုနှင့် အင်းလေးကန်ရေပြင် အခြေအနေတို့ကို လှည့်လည် ကြည့်ရှုခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းပေါခုံကျေးရွာရှိ အင်းလေး အမွေအနှစ် ဖောင်ဒေးရှင်း၊ ခေတ်ဆန်းယဉ်ကြာ၊ ပိုး၊ ချည်ထည်ယက္ကန်းရုံနှင့် ဟဲယာ ရွာမကျေးရွာရှိ စိန်သမာဓိ ရွှေ၊ ငွေပန်းထိမ် လုပ်ငန်းတို့ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ Photo : MOI

A d v e r t i s e m e n t With Us

More News
Up