စပါးအသင်းတွင် နှစ်အတော်ကြာ ဆက်ရှိနေမည်ဟု နည်းပြ ပိုချက်တီနို ပြော

အနာဂတ်နဲ့ ပတ်သက်လို့ မှန်းဆ ပြောဆိုချက်တွေကို ပယ်ချလိုက်ပြီး စပါးအသင်းမှာ နှစ်အတော်ကြာ ဆက်ရှိနေမယ်လို့ တော့တင်ဟမ် ဟော့စပါးအသင်း နည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ လတ်တလောမှာ စပါးအသင်းဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ၇ ဂိုး ၂ ဂိုးနဲ့ ရှုံးတာနဲ့ လိဂ်ဖလားကနေ ထွက်ရတဲ့အတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် စပါးအသင်းဟာ နောက်ဆုံး ကစားထားတဲ့ ၁၀ ပွဲမှာ ၃ ပွဲပဲ အနိုင်ရထားပါတယ်။ နည်းပြ ပိုချက်တီနိုကတော့ သူ့ကစားသမားတွေက အသင်းအတွက် အမြဲတမ်း အကောင်းဆုံး ကစားပေးချင်တယ်ဆိုတဲ့အပေါ် သံသယမရှိဘူးလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up