ဖိလစ်ပိုင်ကို စွမ်းအင်နှင့် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့မည်ဟု ရုရှား ပြော

741
ရုရှားကုမ္ပဏီတွေဟာ ဖိလစ်ပိုင်နိုင်ငံဆီကို စွမ်းအင်နဲ့ လိုအပ်တဲ့ ပစ္စည်းအထောက်အပံ့တွေ တိုးမြှင့်ပေးသွားဖို့ အဆင့်သင့်ပဲလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
အောက်တိုဘာ ၃ ရက်က ရုရှားနိုင်ငံ ဆိုချီမြို့ကို ရောက်လာတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့ တွေ့ဆုံပွဲမှာ သမ္မတပူတင်က အခုလို ပြောလိုက်တာပါ။
စွမ်းအင်ထုတ်ကုန်တွေ၊ လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး ပစ္စည်းတွေနဲ့ အထူးတီထွင်ထားတဲ့ စက်ယန္တရားတွေ ထောက်ပံ့ပေးရေး တိုးမြင့်ပေးသွားဖို့ ရုရှားလုပ်ငန်းရှင်တွေက အဆင်သင့်ပဲလို့ ပူတင်က ပြောပါတယ်။
ငြိမ်းချမ်းစွာ အသုံးပြုတဲ့ နျူကလီးယားဖွံဖြိုးတိုးတက်ရေး အစီအစဉ်၊ အာကာသ စူးစမ်းလေ့လာရေးနဲ့ ဒီဂျစ်တယ်နည်းပညာ စတဲ့ ကဏ္ဍတွေမှာ ဖိလစ်ပိုင်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ရုရှားက စိတ်ဝင်စားနေပါတယ်။
၂၀၁၈ ခုနှစ်က ရုရှားနိုင်ငံ ဗိုဒီဗာစတော့မြို့မှာ ဖိလစ်ပိုင်ရေတပ်သင်္ဘော BRP Tarlac ကို နေရာချထားခွင့်ပေးခဲ့တာကလည်း နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေး တိုးတက်စေခဲ့တဲ့ အဓိကနိုင်ငံရေး အခင်းအကျင်းတခုဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာဒေးကပြောခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ဆိုချီမြို့မှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် ဗယ်လ်ဒေးဆွေးနွေးပွဲကလပ် နှစ်ပတ်လည်ဆွေးနွေးပွဲကို တက်ရောက်လာရင်း သီးသန့်တွေ့ဆုံခဲ့ကြတာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။