အမေရိကန် ဒုံးကျည်နှင့် ဆက်စပ်ပစ္စည်းများ ယူကရိန်းကို ရောင်းမည်

874
150 Raytheon Co Javelin အမျိုးအစား ဒုံးကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ယူကရိန်းနိုင်ငံကို ရောင်းဖို့ အတည်ပြုလိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက် ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။
အဲဒီဒုံးကျည်တွေနဲ့ သူ့ရဲ့ ဆက်စပ်ပစ္စည်း အရောင်းအဝယ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၉ ဒဿမ ၂ သန်း ရှိပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ယူကရိန်းသမ္မတ ဇေလန်စကီတို့ ဇူလိုင်လ ၂၅ ရက်နေ့က ဖုန်းပြောရမှာ အဲဒီဒုံးကျည် ဝယ်ယူရေးကိစ္စ ပါဝင်ပါတယ်။
ဒုံးကျည်အရာင်းအဝယ်ကို ယူကရိန်းအစိုးရ ရန်ပုံငွေနဲ့ ပေးချေသွားမှာဖြစ်ပြီး အမေရိကန်ရဲ့ ရန်ပုံငွေ မပါဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။