A d v e r t i s e m e n t With Us

Patient Safety Champion ဆုရ လွိုင်ကော်ဆေးရုံဝန်ထမ်းများကို ထပ်ဆင့်ဂုဏ်ပြု

Patient Safety Champion ဆုရှိခဲ့တဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံဝန်ထမ်းတွေကို ကယားပြည်နယ်အစိုးရက ပြည်နယ်ခန်းမမှာ  အောက်တိုဘာ ၃ ရက်နေ့က အခမ်းအနားနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လူနာများဘေးကင်း လုံခြုံမှုဆိုင်ရာအထိမ်းအမှတ်နေ့မှာ Patient Safety Champion ဆုတွေကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အပါအဝင် ဆေးရုံ ၄ ခုကရရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့လူနာများဘေးကင်းလုံခြုံမှုဆိုင်ရာအထိမ်းအမှတ်နေ့ကို စက်တင်ဘာ ၁၇ ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေပြည်တော်မှာကျင်းပရာမှာ Patient Safety Champion ဆု ပေးအပ်ချီးမြှင့်ခဲ့တာပါ။  မြန်မာနိုင်ငံမှာ ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ကို အခြားကမ္ဘာ့ နိုင်ငံများနည်းတူ အခုနှစ်ကစပြီး  ပထမဆုံးအကြိမ်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့အနေနဲ့ Patient Safety Championsကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ခုတင်-၁၀၀၀ ဆံ့ ပြည်သူ့ ဆေးရုံကြီး၊ ခုတင်-၃၀၀ ဆံ့ သင်ကြားရေးဆေးရုံကြီး (မန္တလေး) နဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) တို့က ရရှိခဲ့တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up