Home
မြန်မာသတင်း
နာမည်ကျော် အင်းလေးဒေသ ရေပေါ်မီးထွန်းပွဲတော်နှင့် ဂီတပွဲတော် ၅ ရက်ကြာ ကျင်းပမည်
DVB
·
October 4, 2019
72480506_1774144999397087_3913114939262238720_o
71838690_1774144656063788_4953028325233655808_o
71763114_1774145052730415_6731302419667353600_o
71754731_1774144762730444_3083373742106083328_o
71691713_1774145066063747_585539166410899456_n
71202108_1774167279394859_2618711186086035456_n
71183872_1774144402730480_4237886648060215296_o
မြန်မာပြည်တနံတလျား ဗုဒ္ဓဘာသာဝင်တွေရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သီတင်းကျွတ်မီးထွန်းပွဲ တော်ဟာ မကြာခင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ အင်းလေးဒေသမှာလည်း ဒီပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပသွားမှာ ဖြစ်ပြီး အင်းသူအင်းသားတွေနဲ့အတူ သီတင်းကျွတ်ကာလ မီးမျှောပွဲတော်ကို ရိုးရာတေးသံတွေနဲ့ ပြုလုပ်သွားမှာဖြစ်လို့ လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီပွဲတော်ကိုတော့ Dream Vision Company (DVC) နဲ့ Inle Cultural & Heritage Trust (ICHT) အဖွဲ့တို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး အောက်တိုဘာလ ၉ ရက် နေ့ကနေ ၁၃ ရက်နေ့ထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန့်ပန်ကျေးရွာမှ ICHT ရေပေါ်အဆောက် အဦး Stage မှာ ကျင်းပတော့မယ့် ပွဲတော်ကာလအတွင်းမှာတော့ ဖိတ်ခေါ်အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ၊ ရေပေါ်မီးထွန်းပွဲနှင့် ဂီတပွဲတော်၊ ရိုးရာယဉ်ကျေးမှုအကပွဲတော်၊ ပေါ့ပ်ဂီတည၊ ရောခ့်ဂီတညစတဲ့ အစီအစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဂီတပွဲတော်အနေနဲ့ ရေပေါ်စတိတ်စင်တွေပေါ်မှာ အင်းသွေးသစ်တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ မြန်မာပြည်သိန်းတန်၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ ဝိုင်းစုခိုင်သိန်း၊ နီနီ ခင်ဇော်၊ နင်ဇီမေ၊ ပိုးမီတို့ရဲ့ ပေါ့ပ်ဂီတည၊ လှိုင်ဦးမော်၊ သအို၊ ဂျီလတ်၊ သာဒီးလူ၊ တင်ဇာမော်၊ ဖြူဖြူကျော်သိန်း၊ မိုင်းမိုင်ဆိုင်းတို့ရဲ့ ရော့ခ်ဂီတည အစီအစဉ်တွေ ပါဝင်ပါ တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024