ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို YMBAအသင်းက ဂုဏ်ထူးဆောင်ဘွဲ့ပေးမည်
DVB
·
October 4, 2019
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်သွားမယ်လို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ချီးမြှင့်ပေးအပ်မှာဖြစ်ပြီး အသင်းရဲ့ ဆရာတော်ကြီးတွေရော အသင်းအမှုဆောင်တွေကပါ အတည်ပြုထားတယ်လို့လည်း သိရပါတယ်။
ဗိုလ်မှူးကြီးမင်းအောင်လှိုင်ကို အသင်းရဲ့စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီနေတဲ့အတွက် ဆုပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြောဖို့စောနေသေးတဲ့အကြောင်း မကြာမီ ထုတ်ဖော်ပြောကြားသွားမယ်လို့ YMBA အသင်း ဥက္ကဋ္ဌ ဦးရဲထွန်းကပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူထားပြီး နိုင်ငံတကာ ရာဇဝတ်မှုတရားရုံ (အိုစီစီ) တင်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ ပြည်တွင်းမှာ YMBA အသင်းက ဂုဏ်ထူးဆောင်ဘွဲ့ ပေးဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ- AFP