ဘရဲဆစ် အဆိုပြုချက် အီးယူ အပြုသဘော တုံ့ပြန်ခဲ့ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဘရဲဆစ်သဘောတူညီချက်ရဖို့ အလှမ်းဝေးနေပေမယ့် သဘောတူညီချက်ရဖို့ သူတင်သွင်းတဲ့ အဆိုပြုချက်တွေကို အီးယူက အပြုသဘောနဲ့ တုံ့ပြန်ခဲ့တယ်လို့ အောက်တိုဘာ ၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ပါလီမန်ခွင့်ပြုချက်နဲ့ ဘရဲဆစ် သဘောတူညီချက်ရဖို့ အီးယူမိတ်ဆွေတွေကို ဗြိတိန်အစိုးရ အဆိုပြုချက်တွေ ပေးအပ်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောပါတယ်။
အီးယူဟာ ဗြိတိန်လိုလားချက်မှန်သမျှကို မလိုက်လျောဘဲ ညှိနှိုင်းဖို့သာ ပြောခဲ့တယ်လို့ ဝန်ကြီးချုပ် ဂျွန်ဆင်ကဆိုပါတယ်။
ဒါပေမဲ့ လက်ရှိအနေအထားအတိုင်း ဆက်နေတာက အောင်မြင်မှုထက် အကျပ်အတည်းကိုသာ ဖြစ်စေတယ်လို့ ဂျွန်ဆင်က ပြောပါတယ်။
“ဒီကနေ့ ဗြိတိန်ဟာ သဘောတူညီချက်ရဖို အလှမ်းဝေးနေဆဲ ဖြစ်ပေမယ့် ဒီပြသနာတွေကို ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကို အီးယူမိတ်ဆွေတွေ လက်ခံလိုက်တဲ့အပေါ်မှာ ချီးမွမ်းရမှာပဲ” လို့ ဝန်ကြီးချုပ် ဂျွန်ဆင်က ဗြိတိန် ပါလီမန်မှာ ပြောသွားခဲ့ပါတယ်။