A d v e r t i s e m e n t With Us

ယူရိုပါလိဂ်တွင် အာဆင်နယ်နှင့်ဝုလ်အသင်း နိုင်ပြီး မန်ယူနိုက်တက် သရေကျ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်ကလပ်တွေထဲက အာဆင်နယ်နဲ့ ဝုလ်အသင်းအနိုင်ရပြီး မန်ချက်စတာယူနိုက်တက်က သရေကျသွားပါတယ်။ အာဆင်နယ်က အိမ်ကွင်းမှာ စတန်းဒတ်လိဒ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်က လူငယ် ကစားသမား အများစုနဲ့ ပွဲထွက်ခဲ့တာပါ။ ဒီပွဲနိုင်တဲ့ အာဆင်နယ်က ၆ မှတ်နဲ့ အုပ်စုအက်ဖ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဝုလ်ဗာဟမ်တန်အသင်းကတော့ အဝေးကွင်းမှာ တူရကီကလပ် ဘီဆစ်တက်ကို ပွဲပြီးကာနီးမှာသွင်းတဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဝု့စ်အသင်းက အုပ်စု (k) မှာ ၃ မှတ်ရပြီး အဆင့် ၃ မှာ ရပ်တည်နေပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ အဝေးကွင်းမှာ နယ်သာလန်ကလပ် အေဇက် အယ်ခမာအသင်းနဲ့ ဂိုးမရှိ သရေကျသွားပါတယ်။ မန်ယူနိုက်တက်ဟာ အဝေးကွင်းပွဲစဉ်တွေမှာ နိုင်ပွဲပျောက်ဆုံးနေတာကို ဒီပွဲမှာ မချေဖျက်နိုင်ခဲ့ပါဘူး။ လက်ရှိ အုပ်စု (L) မှာ မန်ယူနိုက်တက်က ၄ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up