A d v e r t i s e m e n t With Us

ရန်ကုန်-ပြည်ကားလမ်းတွင် ၁၀ တန်းကျောင်းသူ ၃ ဦး ကားတိုက်ခံရ၊ ၂ ဦး သေ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ သစ်တူးအိုင်ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၀၃)အနီးမှာ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက်က ၁၀ တန်း နှစ်ဝက် စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ ကျောင်းသူ ၃ ဦးကို ကားက ဝင်တိုက်မိခဲ့လို့ ၂ ဦးက နေရာမှာတင် သေဆုံးခဲ့ကာ  ၁ ဦးက ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ မင်းလှမြို့မရဲစခန်းက သိရပါတယ်။ ရန်ကုန်-ပြည်ကားလမ်းအတိုင်း ရန်ကုန်ကနေ ပြည်ဘက်ကို ယာဉ်မောင်း ဟန်ဝင်းထွန်း မောင်းနှင်လာတဲ့ ခြောက်ဘီးယာဉ်မှာ ဘရိတ်ပေါက်ပြီး စက်ဘီးနဲ့ ပြန်လာတဲ့ ၁၀ တန်းကျောင်းသူ ၃ ဦးကို အနောက်ကနေ ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ မင်းလှမြို့မ ရဲစခန်းက ယာဉ်မောင်း ဟန်ဝင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၀၄-(က) နဲ့ အမူဖွင့်အရေးယူဆောင်ရွက်နေပါတယ်။ သတင်း-မေသွယ်

A d v e r t i s e m e n t With Us

More News
Up