A d v e r t i s e m e n t With Us

တောင်ကိုရီးယားတွင် မုန်တိုင်းကြောင့် ၆ ဦး သေဆုံး၊ လူ ၁၅၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

တောင်ကိုရီးယားနိုင်ငံမှာ အောက်တိုဘာ ၃ ရက်က မီတာ တိုက်ဖွန်းဝင်ရောက်တာကြောင့်  လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။   မီတာ တိုက်ဖွန်းဟာ ဒီနှစ်အတွင်း ၁၈ ခုမြောက် ဝင်ရောက်တဲ့ တိုက်ဖွန်းဖြစ်ပြီး   နိုင်ငံတောင်ပိုင်း ဒေသအတော်များများမှာ မိုးကြီးခဲ့ပါတယ်။      တိုက်ဖွန်းကြောင့် နေအိမ်နဲ့ တခြားအဆောက်အအုံ ၁၀၀ ကျော်ရေလွှမ်းပြီး လူ ၁, ၅၀၀ ကျော် နေအိမ်တွေကနေ ဘေးလွတ်ရာ ကြိုပြောင်းခဲ့တယ်လို့ ပြည်ထဲရေးနဲ့ လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။      ဒါ့အပြင် မီတာတိုက်ဖွန်းကြောင့် နေအိမ်နဲ့ အဆောက်အဦ ၄၄,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်ပြီး အခုအခါ ၈၃ ရာခိုင်နှုန်းက လျှပ်စစ်မီးပြန်ရပြီလို့ ကိုရီးယား လျှပ်စစ်စွမ်းအားကော်ပိုရေးရှင်းက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up