A d v e r t i s e m e n t With Us

မြဝတီ- ဘားအံသွား ခရီးသည်တင်ဘတ်စ်ကား ၁ စီး မီးလောင်

ကရင်ပြည်နယ် မြဝတီမြို့ကနေ ဘားအံမြို့ကိုသွားတဲ့ ခရီးသည်တင် ဘတ်စ်ကားကြီး တစီး  ဒီကနေ့မနက် ၉ နာရီကျော်လောက်က ကော့ကရိတ်မြို့၊ လှိုင်ဝကျေးရွာ၊ လှိုင်ဝတံတားအနီးမှာ မီးလောင်သွားပါတယ်။ ခရီးသည်တင်ကားဟာ ကားရပ်တန့်ရာမှာ  ကားရဲ့အနောက်ဘက်ကနေ မီးခိုးထွက်ကာ တစီးလုံးမီးလောင်ခဲ့တာဖြစ်ပြီး  ခရီးသည်တွေကတော့ ကားပေါ်က ဆင်းကာ ထွက်ပြေးခဲ့ကြလို့ အသက်ဘေးက လွတ်မြောက်သွားပါတယ်။  ဘတ်စ်ကားပေါ်မှာ ယာဉ်မောင်း စိုးပေ အသက်၃၁ နှစ်နဲ့ ယာဉ်နောက်လိုက် ဝေယံ အသက် ၂၁ နှစ်တို့နဲ့အတူ  ခရီးသည် ကျား ၁၅ ဦး၊ မ ၁၂ ဦး စုစုပေါင်း ၂၉ ဦး လိုက်ပါလာကြတာဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူတော့ မရှိပါဘူး။  မီးလောင်တဲ့ ဘတ်စ်ကားဟာ BGO 9M5436 ယာဉ်အမှတ် ယူတုံ အမျိုးအစား အပြာရောင် ဖြစ်ပြီး မီးလောင်ကျွမ်းနေတဲ့ ကားကို မနက် ၁၀ နာရီအချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ ကော့ကရိတ်မြို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့က တွက်ချက်နေပြီး  ယာဉ်မောင်း စိုးပေကိုတော့ တရားဥပဒေ အတိုင်းအရေးယူဖို့ရှိနေပါတယ်။  ဖိုးစီ

A d v e r t i s e m e n t With Us

More News
Up