HomeLead Story
အုပ်စိုးခန့်နှင့် ကေကေမိုးတို့ သီဆိုသည့် အခမ်းနားဆုံးမေတ္တာရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
အုပ်စိုးခန့်နှင့် ကေကေမိုးတို့ သီဆိုသည့် အခမ်းနားဆုံးမေတ္တာရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
DVB
·
October 3, 2019
“မပြောဖြစ်တဲ့ စကားလုံးလေးတွေစီထား… ဒီရင်မှာ အပြည့်ပေါ့… အကြည့်တချို့ က ပြောဖြစ်ခဲ့ပေမယ့်လည်း… တို့တွေ မနီးစပ်နိုင်ပေ”
ဒါကတော့ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီး ရေပန်း စားနေတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ဖြစ်ပြီး လူငယ်တေးသံရှင်တွေ ဖြစ်ကြတဲ့ အုပ်စိုး ခန့်နဲ့ ကေကေမိုးတို့က စုံတွဲသီဆိုထားခဲ့ကြတာပါ။
တေးရေး လင်းထက်က ရေးစပ်ပေးထားတဲ့ ဒီသီချင်းရဲ့ နာမည်ကိုတော့ မပြော ပေမယ့်လို့ အမည်ပေးထားခဲ့ပြီး မကြာခင်မှာ ရုံတင်ပြသသွားဖို့ ရှိနေတဲ့ ရုပ်ရှင်ကားဖြစ် တဲ့ အခမ်းနားဆုံးမေတ္တာဇာတ်ဝင်တေးအဖြစ် အသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။
“နီးနီးလေး မင်းအနားရှိပေမယ့်လည်း… ငါ ဟန်ဆောင်နေရင်းသာ… တံခါးလေး တချပ် ဖွင့်လို့ထားပေမယ့်လည်း… ယနေ့တိုင်… မင်းရောက်မလာပါ”
7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ အခမ်းနားဆုံးမေတ္တာ ရုပ်ရှင်ကို ဒါရိုက်တာ ပွင့်သိဂီဇော်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အဓိကသရုပ်ဆောင် တွေအနေနဲ့ နေတိုး ၊ ရဲအောင် ၊ သူရိယ ၊ တိုင်ရွန် ၊ စိုးမြတ်သူဇာ ၊ နေခြည်ဦး ၊ မေဘရ ဏီသော်စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာပါ။
“ဒါတကယ် အချစ်ဆို… ဟုတ်တယ်… ကိုယ့်ရင်ထဲမှာ အချစ်တွေ အပြည့်နဲ့… ဒါ ဆို မင်းပြောသင့်ပြီ… ငြင်းဆန် အဆက်အသွယ် ဖြတ်နေမလားကွယ်… ဒါကြောင့် တို့ တွေဝေးစေ… ကိုယ့်မျက်ဝန်းက ပြောတဲ့ ချစ်စကားတွေ… ငါတို့ဝေးနေ… ကိုယ်သိ တယ်”
သရုပ်ဆောင် အဆိုတော် အုပ်စိုးခန့်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မိန်း ကလေးပရိသတ်တွေ အများစုက ချစ်ခင်အားပေးမှုတွေ ရရှိထားသူတဦးဖြစ်ပြီး ချစ်နေ ပြီသီချင်းတပုဒ်တည်းနဲ့တင် လူသိများလာခဲ့ပြီး The Number One အမည်နဲ့ တကိုယ် တော် တေးအယ်လ်ဘမ်တချပ်ထွက်ရှိထားခဲ့သူ ဖြစ်ပါတယ်။
တေးသံရှင် ကေကေမိုးကတော့ ကျမသီချင်းနဲ့ ပရိသတ်အားပေးမှုတွေ ရရှိထားခဲ့ သူဖြစ်ပြီး အဲဒီသီချင်းနဲ့ပဲ စီးတီးအက်ဖ်အမ်ရဲ့ ရေပန်းအစားဆုံး အမျိုးသမီးတေးသံရှင် သစ်ဆုကို ရရှိထားခဲ့ကာ ဇာတ်ဝင်တေးတော်တော်များများကိုလည်း အကောင်းဆုံးသီ ဆိုနေရသူတဦး ဖြစ်ပါတယ်။
ခုထွက်ရှိလာတဲ့ သူတို့ ၂ ယောက် စည်းချက်ညီညီ သီဆိုထားတဲ့ ဇာတ်ဝင်တေး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဇာတ်ဝင်ခန်းဒိုင်ယာလော့ဂ်တွေနဲ့အတူ ရိုက်ကူးထားခဲ့တာ ကို တွေ့ရပါတယ်။
လတ်တလောမှာတော့ V7 Entertainment က တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင် ဇာတ်ဝင်တေးဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီး ပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။