A d v e r t i s e m e n t With Us

ယူကရိန်းစုံစမ်းရေးနှင့်ပတ်သက်၍ မေးမြန်းချက်ကို သမ္မတထရမ့် ဒေါသတကြီး တုံ့ပြန်

ယူကရိန်းစုံစမ်းရေးနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က  အောက်တိုဘာ ၂ ရက်မှာ ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။   ဇူလိုင်လတုန်းက သမ္မတထရမ့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီတို့ ဖုန်းပြောဆိုတာနဲ့ ပတ်သက်လို့ ဒီမိုကရက်အမတ်တွေက အိမ်ဖြူတော်ဆီကနေ ဖုန်းမှတ်တမ်းဖိုင်တွေ တောင်းဆိုထားပါတယ်။  အဲဒီစုံစမ်းရေးနဲ့ ပတ်သက်လို့ မေးတဲ့သတင်းထောက်တွေကို သမ္မတထရမ့်က ဒေါသတကြီး ဝေဖန်တိုက်ခိုက်ခဲ့တာပါ။   သမ္မတထရမ့်က သတင်းဌာနတွေကို အလိမ်အညာတွေလို့ တိုက်ခိုက်ပြောဆိုပေမယ့်  သူ့အနေနဲ့ စုံစမ်းရေးကို ပူးပေါင်းဆောင်ရွယ်မယ်လို့ ပြောခဲ့ပါတယ်။   ဒီသတင်းစာရှင်းလင်းပွဲမှာ ထရမ့်က သတင်းထောက်တဦးမေးတာကို ဖြေကြားဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပါတယ်။   သမ္မတထရမ့်ကို ပြစ်တင်စွပ်စွဲဖို့ ကြိုးပမ်းနေတဲ့ ဒီစုံစမ်းရေးဟာ ထရမ့်ကို တရားဝင် စွဲချက်တင်တာမျိုး ဦးတည်သွားနိုင်ပါတယ်။  ဒီစုံစမ်းရေးဟာ သမ္မတထရမ့်ကို ရာထူးက ဖယ်ရှားနိုင်ပေမယ့် ရီပတ်ဘလီကန်တွေက   ထရမ့်ကို ရာထူးကနေဖယ်ဖို့ ဆန္ဒသိပ်မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up