Home
မြန်မာသတင်း
ယူနီကုဒ်ပြောင်းသုံးရာတွင် လွယ်ကူစေရေး ကော့သောင်းတွင် အခမဲ့ဝန်ဆောင်မှုပေး 
DVB
·
October 3, 2019
မြန်မာတနိုင်ငံလုံး အောက်တိုဘာ ၁ ရက်နေ့ကစပြီး ယူနီကုဒ်စနစ်ကို တရားဝင် စတင် ပြောင်းလဲသုံးစွဲရမှာဖြစ်တာမို့ ပြည်သူတွေ ယူနီကုဒ်ပြောင်းလဲသုံးစွဲရာမှာ လွယ်ကူစေဖို့ ကော့သောင်းခရိုင် ဖုန်းလုပ်ငန်းရှင်များအသင်းက ဒီနေ့မနက်ပိုင်းက ကော့သောင်းမြို့မှာ အခမဲ့ဝန်ဆောင်မှုပေးနေပါတယ်။ ယူနီကုဒ်စနစ်ပြောင်းပေးတာကို ကော့သောင်းအဝိုင်းပတ်မှာ မနက် ၉ နာရီက ၁၁ နာရီအထိ တကြိမ် ညနေ ၃ နာရီကနေ ၅ နာရီအထိ တကြိမ်ပြုလုပ်ပေးသွားမှာဖြစ်ပြီး လောလောဆယ်န ၂ရက်ကြာ  ဝန်ဆောင်မှုပေးသွားမှာပါ။ အသင်းတာဝန်ရှိသူ ဦးမျိုးအောင်က “အခုလက်ရှိ ပြည်သူတွေကြုံတွေ့နေရတဲ့ နိုင်ငံတကာ စံနှုန်းဖြစ်တဲ့ ယူနီကုဒ်စနစ်ဟာ သူများနိုင်ငံတွေမှာ အင်တာနေရှင်နယ်စံနှုန်း အနေနဲ့ သုံးနေတာ ကြာပြီ ကျနော်တို့က မြန်မာစာစနစ်တခုထဲကို ဇော်ဂျီစနစ်နဲ့ ကျနော်တို့က အလွယ်သုံးနေ ကြတယ်။ နိုင်ငံတကာရဲ့ အရေးအသားတွေအားလုံးကို ဘာသာပြန်ပြီး ဖတ်ရှုမယ်ဆိုလို့ရှိရင် ယူနီကုဒ်စနစ်နဲ့မှ ဖတ်လို့ရတယ်။ ခုချိန်မှာနိုင်ငံတကာကို သွားနေတာဖြစ်တဲ့အတွက် နိုင်ငံတော်ကလည်း e- Government ကို သွားနေပါတယ်။ တနိုင်ငံလုံး ညီညီညွှတ်ညွှတ်နဲ့ ကမ္ဘာသုံးစနစ်ဖြစ်တဲ့ ယူနီကုဒ်စနစ်ဆီကို သွားနေရတဲ့ အနေအထားဖြစ်တဲ့အတွက် အခုမှစပြောင်းတဲ့အတွက် အခက်အခဲတွေကို ကော့သောင်းခရိုင် ဖုန်းလုပ်ငန်းရှင်များအသင်းက ပြည်သူတွေရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးတာပါ”လို့ ပြောပါတယ်။  ယူနီကုဒ်ပြောင်းလဲ အသုံးပြုရာမှာ အဆင်ပြေလွယ်ကူစေရေးအတွက် အခမဲ့ကူညီပေးတဲ့ ဝန်ဆောင်မှုကို ကော့သောင်းမြို့လူစည်ကားရာနေရာတွေမှာ ဆက်လက် လုပ်ဆောင်သွားဖို့  ရှိနေပါတယ်။ မြန်မာယူနီကုဒ် စံစနစ်ပြောင်းလဲဖို့ လာရောက်သူတွေရဲ့ဖုန်းတွေထဲကို ဖောင့်တွေပြောင်းလဲ ပေးတာအပြင် မြန်မာယူနီကုဒ်နဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024