Home
မြန်မာသတင်း
ထားဝယ်တွင် ဖမ်းဆီးရမိသည့် အေးခဲအသားများကို မြေမြှုပ်ဖျက်ဆီး
DVB
·
October 3, 2019
72332786_10219775724453921_5270140750133198848_n
71868331_10219775724373919_4479209517413826560_n
71836083_10219775725173939_4881234712770641920_n
71468609_10219775725093937_6595098393847005184_n
71280380_10219775725613950_204487030799859712_n
ထိုင်းနိုင်ငံဘက်ကနေ တရားမဝင်တင်သွင်းထားတဲ့ အေးခဲအသား ကီလို ၇၇၀ ကို ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီနဲ့ သက်ဆိုင်ရာအဖွဲ့စည်းတွေက မြေမြှုပ်ဖျက်ဆီးပစ်ခဲ့ကြပါတယ်။  ထားဝယ်မြို့သစ် ၆ လမ်းသွယ်မှာရှိတဲ့ နေအိမ်တအိမ်မှာ တဖက်နိုင်ငံကနေ တရားမဝင်တင်သွင်းလာတဲ့ အေးခဲအသားတွေကို သိုလှောင် ရောင်းချနေကြောင်း သတင်းရရှိ တာကြောင့် အောက်တိုဘာ ၁ရက် ညပိုင်းက ရှောင်တခင်ဝင်ရောက် စစ်ဆေးဖမ်းဆီးခဲ့တာပါ။ အဲဒီနေအိမ်မှာ အေးခဲကလီစာ ၅၀ကီလို၊ ကြက်ရိုး ၇၀ကီလို၊ ကြက်သား၆၀၀ကီလိုနဲ့ ဝက်သား ၅၀ ကီလိုတို့ကိုဖမ်းဆီးရမိခဲ့တဲ့အတွက် သက်ဆိုင်ရာအဖွဲ့စည်းတွေက မြေမြှုပ်ဖျက်ဆီးပစ်ခဲ့ပါတယ်။  အေးခဲအသား သိုလှောင်ရောင်းချသူကို ထားဝယ်မြို့နယ်စည်ပင်သာယာ ရေးကော်မတီက ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေပြီး ဒဏ်ကြေးငွေ ကျပ် ၂ သိန်း ကောက်ခံခဲ့ကာ နောက်တစ်ကြိမ် ဖောက်ဖျက်ကျူးလွန်ရင်တော့ စည်ပင်သာယာရေးဥပဒေနဲ့ တရားစွဲဆိုမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ မြန်မာနိုင်ငံမှာ အေးခဲအသားတင်သွင်းတာကို ပိတ်ပင်ထားတာကြောင့် အေးခဲအသားတွေကို ဖြန့်ဝေရောင်းချနေတာကို တွေ့ရှိရင် ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ကို ဆက်သွယ်သတင်းပေးနိုင်တယ်လို့သိရပါတယ်။  သတင်း- တင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024