A d v e r t i s e m e n t With Us

မြန်မာ-အိန္ဒိယ နယ်စပ်တွင် အင်အား ၅.၂ အဆင့်ရှိ မြေငလျင်လှုပ်

မြန်မာ-အိန္ဒိယ နယ်စပ်မှာ ဒီနေ့ မွန်းလွဲပိုင်းက အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၄ မိနစ်၊ ၄၂ စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၁ မိုင် ခန့်လောက်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်ပ (Myanmar-India Border Region) မြောက်လတ္တီတွဒ် ၂၄.၉၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၁၁ ဒီဂရီ၊ အနက် ၃၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up