ဆန္ဒပြသူများနှင့် အီရန်လုံခြုံရေးတပ်ဖွဲ့ ပဋိပက္ခဖြစ်၊ ၅ ဦးသေဆုံး

850
အီရတ်နိုင်ငံမှာ အောက်တိုဘာ ၂ ရက်က အသစ်တဖန်ပေါ်ပေါက်လာတဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခဖြစ်ခဲ့ပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ၁၃၂ ယောက်ထက်မနည်း ဒဏ်ရာရခဲ့သလို ဒီဆန္ဒပြပွဲတွေက ဝန်ကြီးချုပ် အက်ဒယ်အဗ္ဗဒူမန်ဒီ အစိုးရအပေါ် ပြည်သူတွေ ဒေါသဖြစ်နေတာကို အကြီးမားဆုံး ပြသတာပါ။
အီရတ်နိုင်ငံအတွင်း အလုပ်လက်မဲ့များလာတာတွေ၊ အကျင့်ပျက်တာတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု ညံ့ဖျင်းတာတွေအပေါ် ဒေါသဖြစ်ရာကနေ အောက်တိုဘာ ၁ ရက်မှာ ဆန္ဒပြပွဲတွေ အသစ်တဖန် ပြန်ပေါ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက အစိုးရဖြုတ်ချရေး ကြွေးကြော်ပြီး ဒါဟာ ၂၀၁၁ အာရပ်နွေဦး တော်လှန်ရေးအတွင်း ပထမဆုံး ကြွေးကြော်ချက်ဖြစ်ပါတယ်။
အီရတ်တောင်ပိုင်း နာဆရီယာမြို့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်ခဲ့ဖြစ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အခြေအနေကို မထိန်းသိမ်းနိုင်တဲ့နောက်မှာ အကြမ်းဖက်တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်တွေ ခေါ်ယူခဲ့တယ်လို့ ရဲသတင်းရင်းမြစ်က ရိုက်တာကို ပြောပါတယ်။