Home
မြန်မာသတင်း
ဝမ်းဗိုက်ကျည်ထိမှန်သည့် ရှစ်တန်းကျောင်းသူအား စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်
DVB
·
October 3, 2019
72117196_191743665181368_4986431836377841664_n
72207503_191745305181204_7974480080724295680_n
72467130_191743451848056_2978125340884336640_n
71513614_191743341848067_4463423953527898112_n
71276838_191743645181370_1486730889747496960_n
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာက ဝမ်းဗိုက်မှာ ကျည်ထိမှန်ထားတဲ့ ရှစ်တန်းကျောင်းသူ မမြသဇင် ၁၄ နှစ်အား စစ်တွေဆေးရုံ အရေးပေါ်ပို့ဆောင်လိုက်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့အကူအညီနဲ့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်တာလို့ စေတီတောင်ကျေးရွာအုပ်ချပ်ရေးမှူး ဦးကျော်သန်းကပြောပါတယ်။ "ကျည်ကို ခွဲစိတ်ထုတ်ယူရမယ်လို့ ဆရာဝန်က ပြောပါတယ်။ ဖြစ်တာက မနေ့ညနေ ၅ နာရီ ၁၅ လောက်မှာ ကွမ်းတောင်ဘက်က လက်နက်ကြီးတလုံး ပစ်သံကြားပြီး လက်နက်ငယ်တွေ ဆက်တိုက် ၁၅ မိနှစ်ခန့် စေတီတောင်ကျေးရွာကို ပစ်တယ်။ ဒီကလေးမလေးက ကွမ်းတောင်က စေတီတောင်မှာ စစ်ဘေးခိုလှုံတာပါ။ စခန်းမှမနေဘဲ ဆွေမျိုးအိမ်မှာသွားနေတာ၊ အိမ်ထဲ ထမင်းစားနေတဲ့ အချိန်မှာ ကျည်လာထိတာ၊ ကျနော်က စစ်တပ်ကိုအကြောင်းကြားတယ်။ ဒီလိုကလေးမလေးတဦး ကျည်ထိနေတယ်၊ ကွမ်းတောင်ဘက်က ပစ်တာလို့။ ကွမ်းတောင်ဘက်မှာ စစ်တပ်ပဲရှိတယ်၊ စစ်တပ်က ပစ်တယ်ဆိုရင် တားဆီးပေးဖို့ပြောလိုက်တယ်။” ကျည်ထိမှန်သူ ရှစ်တန်းကျောင်းသူ မမြသဇင်ဟာ ကွမ်းတောင်ရွာကဖြစ်ပြီး စေတီတောင်ကျေးရွာကို စစ်ဘေးရှောင်လာတာ ဖြစ်ပါတယ်။ စေတီတောင်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ရှိပြီး တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေက ထွက်ပြေးလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024