Home
သတင်းဓာတ်ပုံ
မန္တလေးက တနိုင်တပိုင် သီတင်းကျွတ် မီးထွန်းကား လုပ်ငန်း (ဓာတ်ပုံအက်ဆေး)
DVB
·
October 3, 2019
IMG_4697
IMG_4622
IMG_4537
IMG_4533
IMG_4498
IMG_4475
IMG_4449
IMG_4634
IMG_4509
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်၊ အကွက် (၈၄၀) ရပ်ကွက်ဟာ  သီတင်းကျွတ် မီးထွန်းကား ပြုလုပ်သူ အများစုနေထိုင်ရာ ရပ်ကွက်တခု ဖြစ်ပါတယ်။ ဒီရပ်ကွက်ထဲမှာ သီတင်းကျွတ် မီးထွန်းကား လုပ်ငန်းကို တနိုင်တပိုင် လုပ်ကိုင်စားသောက်သူတွေရှိသလို လက္ကားဖြန့်ရောင်းချသူတွေလည်း ရှိကြပါတယ်။ အသက်(၅၂)နှစ် အရွယ်ရှိ ဦးသော်ကတော့  သီတင်းကျွတ် မီးထွန်းကား လုပ်ငန်းကို တနိုင်တပိုင် လုပ်ကိုင်နေတာ  နှစ်ပေါင်း ၂၀ ကျော် ရှိနေပါပြီ။ သူဟာ အဆိုပါ လုပ်ငန်းကို အများသူငါလုပ်ကိုင်သလို အလုပ်သမား ငှါးရမ်းလုပ်ကိုင်ခြင်း မပြုဘဲ သူ့ရဲ့ မိသားစုဝင်တွေနဲ့သာ တနိုင်တပိုင် လုပ်ကိုင်နေတာပါ။ ဦးသော် ပြုလုပ်ရောင်းချတဲ့ မီးထွန်းကားတွေဟာ အများစု ပြုလုပ်သလို ဂျက်လေယာဉ်၊ ကား၊ ဇီးကွက်ရုပ်တွေသာမက သူ့ရဲ့ကိုယ်ပိုင် ဒီဇိုင်းတွေနဲ့ တနှစ်တမျိုး မရိုးရအောင် ရေးဆွဲ ထုတ်လုပ်တာတွေလည်း ရှိပါတယ်။ သူ့ဖန်တီးထားတဲ့ မီးထွန်းကားတွေကို မန္တလေးမြို့ပေါ်မှာ အဓိကထား ရောင်းချပြီး စစ်ကိုင်း၊ ဝမ်းတွင်း၊ မတ္တရာ စတဲ့မြို့တွေက  လာဝယ်သူတွေလည်း ရှိပါတယ်။  Photo - Kaung Zaw Hein / MPA  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024