စတာလင်း ပိုကောင်းလာမည်ဟု မန်းစီးတီးနည်းပြသုံးသပ်

854
အင်္ဂလန်နဲ့ မန်စီးတီးမှာ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမားစတာလင်းဟာ ဒိထက် ပိုကောင်းလာဖို့ရှိသေးကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာ က သုံးသပ်ပါတယ်။
တောင်ပံကစားသမား စတာလင်းဟာ ၁၂လအတွင်းမှာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၄၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။
ဒိုင်နမိုဇာဂရက်အသင်းနဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာဆိုရင်လည်း လူစားဝင်ကစားပြီး အနိုင်ဂိုးနဲ့ ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
နည်းပြ ဂွာဒီယိုလာကတော့ ခြေစွမ်းပြသနေတဲ့စတာလင်းဟာ နှစ်အနည်းငယ်အတွင်းမှာ အခုထက်ပို ကောင်းလာဖို့ရှိသေးကြောင်းနဲ့ အဆုံးသတ်ပိုင်းကောင်းမွန်လာမှုကိုလည်း သွင်းဂိုးတွေနဲ့ သက်သေ ပြသနေဆဲဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။