ချဲလ်ဆီးကွင်းလယ်လူ ကန်တေကို ခေါ်ယူရန် ဂျူဗင်တပ်စ် နည်းပြ ဆာရီဟာ တိုက်တွန်း

856
ဂျူဗင်တပ်စ် နည်းပြဆာရီဟာ ချဲလ်ဆီးကွင်းလယ်လူ ကန်တေကို ခေါ်ယူဖို့ပေးဖို့ အသင်းတာဝန်ရှိသူ တွေကို တိုက်တွန်းထားတယ်လို့သိရပါတယ်။
ပြင်သစ်ကွင်းလယ်လူ ကန်တေဟာ နည်းပြဆာရီနဲ့ ချဲလ်ဆီးလ်အသင်းမှာ တစ်ရာသီကြာလက်တွဲခဲ့ဖူးပါတယ်။ ဂျူဗင်တပ်စ် အသင်းမှာလည်း ကွင်းလယ် ကစားသမားကောင်းတွေ များနေပေမယ့် တပည့်ဟောင်း ကန်တေရဲ့ ကစားပုံကို ပိုပြီး လိုအပ်နေတဲ့အတွက် နည်းပြဆာရီက ခေါ်ယူလိုနေတာဖြစ်ပါတယ်။
နည်းပြဆာရီဟာ ချဲလ်ဆီး အသင်းကို ကိုင်တွယ်တုန်းကလည်း အသင်းဟောင်းနာပိုလီကွင်းလယ်လူ ယော်ဂင်ညိုကို ခေါ်ယူခဲ့ ဖူး ပါတယ်။
ဂျူဗင်တပ်စ် အသင်းဟာ ကန်တေကို ခေါ်ယူလိုတယ်ဆိုရင် ပေါင်သန်း ၇၀ နီးပါးပေးချေရဖို့ရှိ ပါတယ်။ နည်းပြဆာရီဟာ ဂျူဗင်တပ်စ် ကွင်းလယ်ကို ကန်တေ၊ ရမ်ဆေး၊ ပီယာနစ်တို့နဲ့ တည်ဆောက် သွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။