A d v e r t i s e m e n t With Us

လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုရုံး မန္တလေးတွင် ဖွင့်လှစ်

လီဆူစာပေနဲ့ရိုးရာ ယဉ်ကျေးမှုရုံးကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၆လမ်းနဲ့ ၁၇ လမ်းကြား ၆၂ လမ်း ဒေါနဘွားရပ်မှာ အောက်တိုဘာ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းရင်းသား စာပေ ၅၄ မျိုးကိုခွင့်ပြုထားပြီး လီဆူစာပေကို သင်ကြားပေးနိုင်ဖို့ ၂၀၁၈-၉ ခုနှစ်မှာ ၃၇ ယောက် လျှောက်ထားရာ ၁၇ ဦးကို နိုင်ငံတော်အစိုးရက လီဆူစာပေ သင်ကြားပေးနိုင်ဖို့ ချထားပေးခဲ့တယ်။ တိုင်းရင်းသားဒေသတွေမှာ ပညာသင်ပြနေတဲ့ ဆရာတွေကို တတ်နိုင်သလောက် ကူညီပေးစေချင်တယ်လို့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး စိုင်းပန်ဆိုင်က ပြောပါတယ်။ “တိုင်းရင်းသားဒေသအသီးသီးက တိုင်းရင်းသားတွေနဲ့ တာဝန်ရှိသူတွေက ကိုယ့်ဒေသ ကိုယ့်နယ်မြေမှာ စာလာသင်ကြားနေကြတဲ့ ဆရာတွေပျော်အောင် ဝိုင်းဝန်းပံ့ပိုးပေးကြဖို့လိုတယ်။ ကိုယ့်ဒေသထွက် သီးနှံလေးတွေကအစ ကူညီပေးမယ်ဆိုရင် ဆရာတွေလည်းပျော်မယ်။ ဆရာတွေပျော်ရင် တိုင်းရင်းသားတွေရဲ့ စာပေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကျောင်းသားတွေကို ကောင်းကောင်းသင်ပြနိုင်မှာဖြစ်တယ်” လီဆူတိုင်းရင်းသားစာပေနဲ့ ရိုးရာယဉ်ကျေးမှုရုံးခန်းဖွင့်ပွဲကို လီဆူရိုးရာအကတွေနဲ့ ဖွင့်လှစ်ခဲ့ပြီး  ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ မိုးကုတ်မြို့က လီဆူတိုင်းရင်းသားတွေနဲ့ မန္တလေးမြို့နေ လီဆူ တိုင်းရင်းသား ၇၀ ကျော် တက်ရောက်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up