အဖမ်းခံရသူ ၉၆ ဦးကို ထောက်ခံကြောင်း ဟောင်ကောင်တရားရုံးရှေ့ ဆန္ဒပြ

ဟောင်ကောင် တရားရုံးရှေ့မှာ  အောက်တိုဘာ ၂ ရက်က ရာနဲ့ချီတဲ့ လူတွေ စုရုံးခဲ့ပြီး လတ်တလော ဆန္ဒပြပွဲတွေအတွင်း အဖမ်းခံရတဲ့ ဆန္ဒပြသူ ၉၆ ယောက်ကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ ဝတ်စုံနက်နဲ့ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတွေ ဝတ်ထားတဲ့ ထောက်ခံသူတွေက တရားရုံး လုပ်ငန်းစဉ်အတိုင်း တန်းစီနေချိန်မှာ တချို့က တရားရုံးရဲ့ အပြင်ဘက်မှာ ဆောင်ပုဒ်တွေကို ကြွေးကြော်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ထောက်ခံသူ တဦးက “အစောပိုင်းကတည်းက ဘယ်လိုအဖမ်းအဆီးမှ လုပ်ခဲ့သင့်တယ် မထင်ဘူး။. ဖြစ်စဉ် တရပ်လုံးကို ဖြေရှင်းရာမှာ စာနာရိုင်းပင်းစိတ်လေး ပိုထည့်ပြီး ကိုင်တွယ်ခဲ့သင့်တယ်” လို့ ပြောပါတယ်။ မနေ့က တရားရုံးကြားနာပွဲဟာ ဟောင်ကောင်လှုပ်ရှားမှု စတည်းက တရားစွဲခံရတဲ့ အကြီးဆုံး ဆန္ဒပြတဲ့ အုပ်စုလည်းဖြစ်ပါတယ်။ =========================== အဖမ္းခံရသူ ၉၆ ဦးကို ေထာက္ခံေၾကာင္း ေဟာင္ေကာင္တရား႐ုံးေရွ႕ ဆႏၵျပ DVB ေဟာင္ေကာင္ တရား႐ုံးေရွ႕မွာ  ေအာက္တိုဘာ ၂ ရက္က ရာနဲ႔ခ်ီတဲ့ လူေတြ စု႐ုံးခဲ့ၿပီး လတ္တေလာ ဆႏၵျပပြဲေတြအတြင္း အဖမ္းခံရတဲ့ ဆႏၵျပသူ ၉၆ ေယာက္ကို ေထာက္ခံေၾကာင္း ျပသခဲ့ပါတယ္။ ဝတ္စုံနက္နဲ႔ ခြဲစိတ္ခန္းသုံး မ်က္ႏွာဖုံးေတြ ဝတ္ထားတဲ့ ေထာက္ခံသူေတြက တရား႐ုံး လုပ္ငန္းစဥ္အတိုင္း တန္းစီေနခ်ိန္မွာ တခ်ိဳ႕က တရား႐ုံးရဲ႕ အျပင္ဘက္မွာ ေဆာင္ပုဒ္ေတြကို ေႂကြးေၾကာ္ခဲ့ပါတယ္။ ဆႏၵျပသူေတြကို ေထာက္ခံသူ တဦးက “အေစာပိုင္းကတည္းက ဘယ္လိုအဖမ္းအဆီးမွ လုပ္ခဲ့သင့္တယ္ မထင္ဘူး။. ျဖစ္စဥ္ တရပ္လုံးကို ေျဖရွင္းရာမွာ စာနာ႐ိုင္းပင္းစိတ္ေလး ပိုထည့္ၿပီး ကိုင္တြယ္ခဲ့သင့္တယ္” လို႔ ေျပာပါတယ္။ မေန႔က တရား႐ုံးၾကားနာပြဲဟာ ေဟာင္ေကာင္လႈပ္ရွားမႈ စတည္းက တရားစြဲခံရတဲ့ အႀကီးဆုံး ဆႏၵျပတဲ့ အုပ္စုလည္းျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up