A d v e r t i s e m e n t With Us

‘ဝ’ တောင်ပိုင်းတွင် စိတ်ကြွမူးယစ်ဆေးပြား ၁၈ သိန်းခန့် ဖမ်းမိ 

ထိုင်း- မြန်မာနယ်စပ် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စိတ်ကြွမူးယစ်ဆေးပြား ၁၈ သိန်းလောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဝ တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ‘ဝ’ ပြည်တောင်ပိုင်း ၁၇၁ စစ်ဒေသနယ်မြေကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံကို မူးယစ်ဆေး ပို့ဆောင်မယ့်သတင်းအရ အောက်တိုဘာလ ၁ ရက်နေ့က ဟွေအောမြို့နယ် နမ့်ယွန်းကျေးရွာ အနီးမှာ ကင်းလှည့်အဖွဲ့က  မူးယစ် သယ်ဆောင်သူတွေကို တွေ့ရှိပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။  မသင်္ကာသူတွေကို မေးမြန်းရာမှာ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တဲ့အတွက် UWSA က ပြန်လည်ပစ်ခတ်ရာ ၈ ဦးကို ဖမ်းမိခဲ့ပြီး ၂ ဦးကို အသေဖမ်းမိခဲ့တယ်လို့  UWSA တပ်ဖွဲ့  ပြင်ပဆက်ဆံရေးဌာနတာဝန်ခံ ဦးညီရမ်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။ လွတ်မြောက်သွားတဲ့ မှောင်ခိုသမားတွေကို ဖမ်းဆီးရမိရေး  ဆက်လက်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကလည်း  မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သူ ၁၃ ဦးကို  လက်နက်တွေ၊ မူးယစ်ဆေးတွေနဲ့အတူ UWSA ‘ဝ’ တပ်ဖွဲ့က မြန်မာ့တပ်မတော်ထံ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။ ဓာတ်ပုံ- Nyi Rang

A d v e r t i s e m e n t With Us

More News
Up