ဗြိတိန် အီးယူက နုတ်ထွက်ပြီးနောက် ပွိုင့်အခြေခံလူဝင်မှုစနစ် ကျင့်သုံးမည်

Photo : REUTERS/Henry Nicholls
1000
အီးယူကနေ နုတ်ထွက်တာနဲ့ ဗြိတိန်ဟာ သြစတြေးလျပုံစံ ပွိုင့်အခြေခံ လူဝင်မှုစနစ်ကို ကျင့်သုံးမယ်လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီး ပရစ်တီပတယ်က အောက်တိုဘာလ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
“ပွိုင့်အခြေခံ လူဝင်မှုစနစ်ဟာ ဗြိတိန်အတွက် အကောင်းဆုံး အကျိုးစီးပွား ဖော်ဆောင်တဲ့စနစ် ဖြစ်ပြီး အထက်မြက်ဆုံးနဲ့ အကောင်းဆုံးလူတွေကို ဆွဲဆောင်တဲ့၊ အထူးချွန်ဆုံး သိပ္ပံပညာရှင်တွေ၊ အတော်ဆုံး ပညာရှင်တွေနဲ့ သက်ဆိုင်ရာနယ်ပယ်မှာ ထိပ်တန်းရောက်နေသူတွေကို မြေတောင်မြှောက်ပေးတဲ့စနစ် ဖြစ်ပါတယ်။ နောက်ပြီး အဲဒီလူဝင်မှုစနစ်ဟာ ဗြိတိန် အစိုးရ ထိန်းချုပ်မှု အောက်မှာရှိတယ်” လို့ ပြည်ထဲရေးဝန်ကြီး ပရစ်တီ ပတယ်က ပြောခဲ့ပါတယ်။
ဘရဲဆစ်မစ်ရှင်ဟာ လူတွေ လွတ်လပ်စွာ သွားလာမှုကို အပြီးတိုင် အဆုံးသတ်ဖို့ ဖြစ်တယ်လို့ ကွန်ဆာဗေးတစ်ပါတီ နှစ်စဉ်ကွန်ဖရင့်မှာ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။
အဲဒီကွန်ဖရင့်ကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင်ပြီး အောက်တိုဘာ ၂ ရက်နေ့မှာ ပြီးဆုံးမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။