A d v e r t i s e m e n t With Us

ဖင်လန်နိုင်ငံက ကောလိပ်ကျောင်းတွင် ပဋိပက္ခဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရ

ဖင်လန်နိုင်ငံအရှေ့ပိုင်း ကူအိုပီအိုမြို့ ဈေးဝယ်စင်တာတခုထဲက ကောလိပ်ကျောင်းမှာ အောက်တိုဘာ ၁ ရက်က ရုန်းရန်းဆန်ခတ် ပဋိပက္ခဖြစ်ပွားလို့  လူ တဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့ရပြီး သံသယရှိသူ တယောက်ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒဏ်ရာရသူ ၁၀ ယောက်ထဲမှာ နှစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဟာမန်ကုန်တိုက်ထဲမှာရှိတဲ့ ဆာဗိုအသက်မွေးမှုကောလိပ်မှာ အလောင်းတလောင်းကို တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အသေးစိတ် အခြေအနေကို ထုတ်ဖော်မပြောခဲ့ပေမယ့် လက်ရှိမှာတော့ အားလုံးတည်ငြိမ်သွားပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖင်လန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်း ဆိုးရွားတဲ့ ကျောင်းတွင်း တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ အထက်တန်းကျောင်းတခုမှာ ကျောင်းသားတယောက်က ပစ်ခတ်လို့ လူ ၈ ယောက် သေဆုံးပြီး အဆိုပါကျောင်းသားဟာလည်း သတ်သေသွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က အသက်မွေးမှုကျောင်းတခုမှာ အသက် ၂၂ နှစ်အရွယ် ကျောင်းသားဟောင်း တယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up