A d v e r t i s e m e n t With Us

စပါးအသင်းကနေ ဟယ်ရီကိန်း ထွက်ခွာချိန်တန်ပြီဟု ဖာဒီနန် တိုက်တွန်း

ဟယ်ရီကိန်းအနေနဲ့ စပါးအသင်းကနေ ထွက်ချိန်တန်ပြီဖြစ်တယ်လို့ အင်္ဂလန် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။  စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်မှာ ၇ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ရလဒ်ပိုင်း ဆိုးရွားနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယား အဆင့်တစ်က လစ်ဗာပူးအသင်းနဲ့ ၁၀ မှတ်အထိ ကွာဟနေတာကြောင့် ဆုဖလား လက်လွှတ်ရမယ့် အခြေအနေ ရောက်နေတာပါ။ စပါးအသင်းဟာ ဆုဖလား ရယူနိုင်မယ့်အသင်း မဟုတ်တာကြောင့် ဟယ်ရီကိန်းအနေနဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အမြန်ဆုံး ဆုံးဖြတ်ချက်ချဖို့ လိုတယ်လို့ ဖာဒီနန်က ပြောပါတယ်။   မိမိ ကစားသမားဘဝက ဆုဖလား ရယူနိုင်ခြင်းမရှိတဲ့ လိဒ်ယူနိုက်တက်ကနေ မန်ယူအသင်းကို ပြောင်းရွှေ့ပြီး ဆုဖလားတွေ ရယူနိုင်ခဲ့သလိုပဲ ဟယ်ရီကိန်းအနေနဲ့ စပါးကနေ ထွက်ခွာသင့်ပြီ ဖြစ်ကြောင်း ဖာဒီနန်က တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up