A d v e r t i s e m e n t With Us

သေနတ်ထောက်ပြီး ရွေးကောက်ပွဲလုပ်မည်မဟုတ်ဟု ယူကရိန်း သမ္မတ ပြော

ယူကရိန်းအရှေ့ပိုင်းမှာ သေနတ်ထောက်ပြီး ရွေးကောက်ပွဲလုပ်မှာ မဟုတ်ဘူးလို့  သမ္မတ ဗိုလိုဒီမဲ ဇီလန်စကီက အောက်တိုဘာလ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသမှာ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေ  ရှိနေတာကို သမ္မတ ဇီလန်စကီက ရည်ညွှန်းပြောလိုက်တာပါ။  ဒွန်းဘတ်စ်ဒေသ ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ယူကရိန်း ဥပဒေအတိုင်း ကျင်းပမယ်လို့ ဇီလန်စကီက ဆိုပါတယ်။ ဒွန်းဘတ်စ်ဒေသ အထူးအဆင့်အတန်း ဥပဒေဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ  အာဏာတည်မှာ ဖြစ်ပြီး ပြည်သူလူထုနဲ့ ဆွေးနွေးပွဲကနေတဆင့် ဥပဒေသစ်နဲ့ အစားထိုးမယ်လို့ သူက ပြောပါတယ်။ ဒွန်းဘတ်စ်ဒေသမှာ ယူကရိန်း အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ ရုရှားကျောထောက်နောက်ခံပြု  ခွဲထွက်ရေးသမားတွေ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ဒွန်းဘတ်စ်ဒေသမှာ ၂၀၁၄ ခုနှစ်က စလို့  ပဋိပက္ခတေွ ဖြစ်နေပြီး လူပေါင်း ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up