A d v e r t i s e m e n t With Us

မြိုင်ဟေဝန်ဆင်စခန်းက ဆင်တကောင် တောဆင်ရိုင်းတိုက်ခိုက်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မြိုင်ဟေဝန်ဆင်စခန်းက ပျောက်ဆုံးနေတဲ့ ဆင်တကောင်ဟာ တောဆင် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့က ဆင်စခန်းမှာရှိတဲ့ ဆင်တကောင်ကို လွှတ်ကျောင်းထားရာကနေ ပျောက်ဆုံးသွားပြီး အောက်တိုဘာ ၁ ရက်နေ့က မာဂရီသစ်တောကြိုးဝိုင်းထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ ဆင်ပြန်ကောက်ချိန်မှာ မတွေ့တာကြောင့် လိုက်ရှာနေခဲ့ပြီး မနေ့ နေ့လယ်ပိုင်းမှာတော့ မာဂရီ သစ်တောကြိုးဝိုင်း (ဒေသအခေါ်) နန်းတော်ကျွန်းလျှိုထဲမှာ ဗိုက်ပေါက်ပြီး သေဆုံးနေတာ တွေ့တာကြောင့် ဆင်ရိုင်းတိုက်ခိုက်ခံခဲ့ရတာလို့ ယူဆကြောင်းတာလို့ယူဆတယ်လို့ ဖလုံရဲကင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ သေဆုံးခဲ့တဲ့ဆင်ဟာ စွယ်စုံဆင်ထီးဖြစ်ပြီး အမြင့် ၇ ပေကျော်၊ လုံးပတ် ၁၀ ပေကျော်၊ အစွယ် ၁ ပေကျော်ရှိပြီး အသက် ၂၂ နှစ်အရွယ်ဖြစ်ပါတယ်။ တိုက်ကြီးမြို့နယ်ထဲမှာ တောဆင်ရိုင်းတွေက ရွာတွေနားကို ဝင်ရောက်ဖျက်ဆီးတာ၊ စိုက်ခင်းသီးနှံတွေကို ဝင်ရောက်ဖျက်ဆီးတာ၊ လူကိုပါနင်းသတ်တာတွေ ရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ၁၀ ကောင်နဲ့ အထက်ရှိတဲ့ တောဆင်အုပ်ကို သစ်တောဆင်တွေနဲ့ ရွာနဲ့ဝေးရာတောထဲကို မောင်းထုတ်ခဲ့ရပါတယ်။ သတင်း - မေသွယ်

A d v e r t i s e m e n t With Us

More News
Up