အောက်စီဂျင်ပြတ် ပိတ်မိနေသည့် မိုးကုတ်ကျောက်တွင်းလုပ်သား ၃၄ ဦးကို ကယ်တင်
DVB
·
October 2, 2019
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ဘော်ဗဒါန်းကျေးရွာမှာ အောက်တိုဘာ ၁ ရက် ညနေ ၃ နာရီခွဲလောက်က ကျောက်တွင်းလုပ်သား ၃၄ ဦး ပိတ်မိနေတဲ့အတွက် မီးသတ်တပ်ဖွဲ့က သွားရောက် ကယ်တင်ခဲ့ရပါတယ်။
ဘော်ဗဒါန်းကျေးရွာရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် အမှတ်(၅)မှာ တွင်း အလုပ်သမားတွေ အောက်စီဂျင်ပြတ် ပိတ်မိနေတဲ့ သတင်းအရ မိုးကုတ်မြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ (၈)ဦး၊ အရန်(၂၀)ဦးတို့နဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
ပိတ်မိနေသူ တွင်းလုပ်သား ၃၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ(မစိုးရိမ်ရ) ၇ ဦးတို့ကို မိုးကုတ်မြို့နယ် ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ-FSD