A d v e r t i s e m e n t With Us

ဂွမ်ဒူဇီဟာ အာဆင်နယ်၏ ကြီးမားသည့် အနာဂတ် ဖြစ်လာမည်ဟု ဖာဘရီဂတ်စ် ချီးကျူး 

ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်းရဲ့ ကြီးမားတဲ့အနာဂတ် ဖြစ်လာလိမ့်မယ်လို့ အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂတ်စ်က ချီးကျူးလိုက်ပါတယ်။  အသက် ၂၀ ရှိ လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီဟာ အာဆင်နယ်ကွင်းလယ်မှာ လုပ်အားနှုန်း ကောင်းမွန်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းကိုလည်း ကူညီပေးနိုင်ခဲ့တဲ့အပေါ်မှာ ဖာဘရီဂတ်စ်က ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ ဂွမ်ဒူဇီဟာ ခြေစွမ်းကောင်းတဲ့ပွဲ ရှိသလို သိပ်မကောင်းတဲ့ပွဲလည်း ရှိနိုင်ပေမယ့်လည်း အခက်ခဲဆုံးအချိန်တွေမှာ အကောင်းဆုံးစွမ်းဆောင်ရည် ထုတ်ပြတတ်သူ ဖြစ်တယ်လို့ ဖာဘရီဂတ်စ်က တွစ်တာကနေ ချီးကျူးခဲ့တာပါ။ အသက်ငယ်ရွယ်သေးတဲ့အချိန်မှာတောင် ခြေစွမ်းပြနေတာကြောင့် အာဆင်နယ်အသင်းရဲ့ အနာဂတ် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဖာဘရီဂတ်က ဆိုပါတယ်။  ပြင်သစ် လက်ရွေးစင်မှာလည်း ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတဲ့ ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲစလုံးမှာ ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up