လွတ်လပ်ရေးရအောင် ကြိုးပမ်းမည်ဟု ကာတာလန်ခေါင်းဆောင် ကတိပြု

4.4K
ကာတာလန်အစိုးရအနေနဲ့ လွတ်လပ်ရေးရအောင် ကြိုးပမ်းမယ်လို့ ကာတာလန် ခေါင်းဆောင် ကွင်တော်ရာက အောက်တိုဘာလ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ကာတာလန်ခေါင်းဆောင် ကွင်တော်ရာက အောက်တိုဘာ ၁ ရက်ဟာ ကာတာလိုးနီးယားဒေသမှာ သမ္မတနိုင်ငံ ထူထောင်တဲ့နေ့အဖြစ် အမြဲရှိနေမယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ကာတာလိုနီးယားဒေသ လွတ်လပ်ရေး ကြေညာတာကို စပိန် ဗဟိုအစိုးရက ပိတ်ပင်ခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ ဆောင်ရွက်ဖို့ ပြင်ဆင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတလန် ခွဲထွက်ရေး လှုပ်ရှားသူ ၇ ယောက်ကို စပိန်တရားရုံးက ထောင်ချပြီးနောက်မှာ ခွဲထွက်ရေးသမားတွေနဲ့ စပိန်အစိုးရအကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကာတာလိုနီးယား ပါလီမန်က ငြိမ်းချမ်းစွာ ဆန္ဒပြမှုအဖြစ် တချို့ဥပဒေတွေ မလိုက်နာတာကို ထောက်ခံတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။
ကာတာလိုးနီးယားဒေသ လွတ်လပ်ရေး နှစ်ပတ်လည်အခမ်းအနားအဖြစ် မြို့တော် ဘာစီလိုနာမှာ လူထုစည်းဝေးပွဲ အပါအဝင် ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။