A d v e r t i s e m e n t With Us

နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးကို ထောင်ဒဏ် ၁၅ ရက် အမိန့်ချ

ကရင်အာဇာနည်နေ့ ကျင်းပမှုနဲ့ တရားစွဲဆိုခံထားရတဲ့  နော်အုန်းလှနဲ့ ကရင်လူငယ် ၂ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်လိုက်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ရက်ပေါင်း၂၀ ကြာတရားရင်ဆိုင်နေတဲ့အတွက် ချုပ်ရက်ကို ထပ်နုတ်ခံစားခွင့်ပြုခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းကို ကရင်တိုင်းရင်သားတွေ ရာနဲ့ချီ လာရောက်ဝန်းရံခဲ့ကြပြီး နော်အုန်းလှကတော့ ဒီအမှုဟာ မတရားစွပ်စွဲခံရတဲ့အတွက် အယူခံဝင်သွားမယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့မှာ သြဂုတ် ၁၂ရက်က ပြုလုပ်ခဲ့တဲ့ ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သတ်ပြီး ဦးဆောင်ပြုလုပ်ခဲ့တဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWU) အဖွဲ့ ခေါင်းဆောင် နော်အုန်းလှနဲ့ကရင်လူငယ် စသိန်းဇော်မင်း၊ စောလဘွယ်ချို တို့ကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာပါ။ ကရင့်ခေါင်းဆောင် စောဘဦးကြီး အပါအဝင် ကရင်အမျိုးသားခေါင်းဆောင်အချို့ ကျဆုံးတဲ့ ၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်ကို ကရင်အာဇာနည်နေ့အနေနဲ့ အစွဲပြုပြီး ကရင်တိုင်းရင်းသားတွေက အခမ်းအနားတွေ နှစ်စဉ်ကျင်းပကြတာပါ။ Photo - Ye Myo Khant / MPA  

A d v e r t i s e m e n t With Us

More News
Up