A d v e r t i s e m e n t With Us

တိုက်စစ်ပိုင်းက အခွင့်အရေးကို အပိုင်အသုံးချရန် ချဲလ်ဆီးကစားသမား ဂျော်ဂျင်ညို တိုက်တွန်း

ချန်ပီယံလိဂ်လို ပြိုင်ပွဲမှာ တိုက်စစ်ပိုင်းက အခွင့်အရေးကို အပိုင်အသုံးချဖို့ လိုအပ်ကြောင်း ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုက ပြောပါတယ်။ ချဲလ်ဆီးတိုက်စစ်ပိုင်းနဲ့ ပတ်သက်လို့ ကွင်းလယ် ကစားသမား ဂျော်ဂျင်ညိုက အားရကျေနပ်မှုမရှိဘဲ အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ဖို့ လိုအပ်ကြောင်း ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ သုံးသပ်ခဲ့တာပါ။ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်အဖြစ် လိုင်လီအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တပတ်က ဘရိုက်တန်နဲ့ ပွဲမှာ ဂိုးဖန်တီးမှုတွေ အများကြီး လုပ်ဆောင်နိုင်ခဲ့ပေမယ့် ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့ကြောင်း ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်သလောက် ဂိုးမရခဲ့တဲ့အတွက် တိုးတက်ကောင်းမွန်လာဖို့ လိုအပ်ကြောင်းပြောပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဆိုရင် အသင်းတိုင်းက အလွန်ကောင်းတဲ့ အသင်းဖြစ်လို့ အမှားတခုတောင် လုပ်လို့မရဘဲ တိုက်စစ်ပိုင်းက အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ဖို့ လိုကြောင်း ဂျော်ဂျင်ညိုက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up