အကောင်းဆုံးခြေစွမ်းဖြင့် ပြန်လာမည်ဟု ဟာဇက် ပြော

804
အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လာနိုင်တော့မယ်လို့ ရီးယဲလ်မက်ဒရစ် တောင်ပံကစားသမား ဟာဇက်က ပြောပါတယ်။
ဟာဇက်ဟာ ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက မက်ဒရစ်မြေမှာ ရုန်းကန်နေရတာပါ။
ရာသီကြို ခြေစမ်းခရီးစဉ်တွေအတွင်းမှာ ခန္ဓာကိုယ်အလေးချိန် တက်လာတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသလို ရာသီအစမှာလည်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။
အခုချိန်မှာ ကြံ့ခိုင်မှု ရာနူန်းပြည့် ကောင်းမွန်လာပြီဖြစ်တဲ့အတွက် လာမယ့်ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း၊ ချဲလ်ဆီးမှာ ပြသခဲ့တဲ့ ခြေစွမ်းအဆင့်အတန်းကို ပြန်လည်ရရှိအောင် လုပ်ဆောင်ပြီး ပရိသတ်တွေအတွက် ဂုဏ်ယူစရာ ဖြစ်စေဖို့ ကြိုးပမ်းသွားမယ်လို့ ဟာဇက်က ပြောပါတယ်။
ဟာဇက်အနေနဲ့ အမြန်ဆုံး ခြေစွမ်းပြသနိုင်ဖို့အတွက် သွင်းဂိုး တဂိုးလောက်နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ရင် ပိုပြီးလွယ်ကူလိမ့်မယ်လို့လည်း ဆိုသွားခဲ့ပါတယ်။