ထိုင်ဝမ်ဆိပ်ကမ်းတွင် တံတားပြိုကျပြီး ငါးဖမ်းလှေများ ပျက်စီး

1.5K
ထိုင်ဝမ်ကျွန်းအရှေ့မြောက်ပိုင်းက ဆိပ်ကမ်းတခုာ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းက တံတားတစင်း ပြိုကျခဲ့ပါတယ်။
တံတားပြိုကျတာကြောင့် အောက်မှာရှိတဲ့ ငါးဖမ်းလှေတွေ တော်တော်များများ ပျက်စီးခဲ့ပြီး လှေသမားတချို့လည်း ပိတ်မိနေနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အောက်တိုဘာ ၁ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီခွဲလောက်က အဲဒီတံတားပေါ်မှာ ရေနံကုန်တင်ကားတစီး ဖြတ်မောင်းနေချိန် တံတားပြိုကျခဲ့တာကြောင့် အဲဒီကုန်တင်ကားလည်း မီးလောင်ခဲ့တယ်လို့ ဆိပ်ကမ်းတာဝန်ရှိသူတွေက ပြောပါတယ်။
တံတားပြိုကျတဲ့ ဖြစ်စဉ်အတွင်း ဒဏ်ရာရသူ ၁၀ ယောက်ကို ဆေးရုံပို့ဆောင်ပေးခဲ့ပြီး နောက်ထပ် ၆ ယောက် ပျောက်နေသေးတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။