မန်ယူရော အာဆင်နယ်ပါ ထိပ်ဆုံးအဆင့်၄ အတွင်းမဝင်နိုင်ဟု ရွိုင်ကိန်းသုံးသပ်

908
အခုနှစ်ဘောလုံးရာသီမှာ မန်ယူရော အာဆင်နယ်ပါ ပရီးမီးယားလိဂ် ထိပ်ဆုံး အဆင့်လေးအတွင်း ဝင်နိုင်ဖို့ မရှိဘူးလို့ မန်ယူ ကစားသမားဟောင်း ရွိုင်ကိန်းက သုံးသပ်လိုက်ပါတယ်။
မန်ယူနဲ့ အာဆင်နယ်အသင်းတို့ဟာ တနင်္လာနေ့ညက အိုးထရတ်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး တဖက် ၁ ဂိုးစီ သရေကျသွားခဲ့တာပါ။
အဲဒီပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက အားရစရာ မရှိတာကြောင့် အဲဒီခြေစွမ်းအတိုင်းဆိုရင် ရာသီကုန်မှာ အဆင့် ၄ အတွင်း ဝင်ဖို့အတွက် ဘယ်အသင်းကမှ စွမ်းဆောင်နိုင်မယ်လို့ မထင်ကြောင်း ရွိုင်ကိန်းက စကိုင်းစပေါ့ရုပ်သံမှာ သုံးသပ်ခဲ့ပါတယ်။
မန်ယူအသင်းအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်ပြီး လက်ရှိ ခြေစွမ်းက ဝက်စ်ဟမ်းနဲ့ လက်စတာအသင်းတွေကတောင် အနိုင်ယူသွားလို့ရကြောင်း ရွိုင်ကိန်းက ဆိုပါတယ်။
ရွိုင်ကိန်းနဲ့အတူ သုံးသပ်ဆွေးနွေးခဲ့တဲ့ လစ်ဗာပူးနောက်ခံလူဟောင်း ကာရေဂါကတော့ မန်ယူနဲ့ အာဆင်နယ်ထဲက တသင်းကို ရွေးရမယ်ဆိုရင် တိုက်စစ်ကစားသမားကောင်းတွေ ရှိတဲ့ အာဆင်နယ်ကို ရွေးချယ်ချင်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။