Home
မြန်မာသတင်း
ကျောက်တော်မြို့နယ်၌ ဆရာတော်ကြီး ၁ ပါးအပါအဝင် ၅ ဦး ဒဏ်ရာရ၊ ပစ်ခတ်သူများဝန်မခံ
DVB
·
October 1, 2019
71544405_880575388965136_5382481078663512064_n
71331891_880575482298460_2383221994716921856_n
71279205_880575452298463_5282577158651248640_n
71185684_880575362298472_3035776089898090496_n
71075194_880575268965148_224609772920373248_n
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှာ လက်နက်ကျည်တွေနဲ့ ပစ်ခတ်မှုတွေ ကြောင့် မီးဝဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီး ၁ ပါး၊ ကိုရင်လေး ၁ ပါးနဲ့ ကျေးရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွာသားတွေကပြောပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မြန်မာတပ်မတော်ဘက်ကလည်း သူတို့ ပစ်ခတ်မှု မဟုတ်ဘူးလို့ ပြောသလို ရခိုင်လက်နက်ကိုင် အေအေအဖွဲ့ကလည်း သူတို့အဖွဲ့ရဲ့ လက်ချက်မဟုတ်ဘူးလို့ ပြောပါတယ်။  မီးဝကျေးရွာသားတွေကတော့ အောက်တိုဘာ ၁ ရက် မနက် ၁ နာရီလောက်မှာ မီးဝကျေးရွာအနားမှာရှိတဲ့ တပ်မတော် ရေတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရွာဘက်ကို လှမ်းပစ်ခဲ့လို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံဖို့ ရောက်ရှိလာတဲ့ ကျေးရွာသားတွေအပါအဝင် ကျောင်းထိုင်ဆရာတော်နဲ့ ကိုရင်လေးတပါး ပြင်းထန်ဒဏ်ရာရရှိခဲ့တာလို့  ပြောပါတယ်။  ဒီလိုပစ်ခတ်မှုတွေကြောင့် ပြည်နယ်သံဃနာယက ဆရာတော်ကြီးတပါး၊ ကိုယ်ရင်လေး တပါးနဲ့ ကျောင်းဆရာမတဦးအပါအဝင် စုစုပေါင်း ၅ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မီးဝကျေးရွာစောလှမောင်က ပြောပါတယ်။  “မီးဝကျေးရွာရဲ့အနား စစ်သင်္ဘောပေါ်ကနေ လှမ်းပစ်တာပါ။ လက်နက်ကတလုံးတည်း ပစ်တာမဟုတ်ဘူး။ အရှေ့ အနောက်ပတ်ပတ်လည်ကိုပစ်တာ။ ညပိုင်းကလည်းဘုန်းကြီးကျောင်း နောက်ဘက်ကနေလည်း ပစ်တယ်။ ရွာရဲ့ တောင်ဘက်ကကျတော့ လက်နက်ကြီးတွေနဲ့ထုတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ အဲ့ဒီလိုပစ်တဲ့အချိန် ကျောင်းဝန်းထဲမှာ ရွာသား ၃၀၀ လောက်ရှိတယ်။ အကုန်ဝပ်နေကြတာ။ အဲ့ဒီအချိန် လက်နက်ကြီးတလုံးဘုန်းဘုန်း အနားကိုထိတယ်။ ကိုရင်တပါးထိတယ်။ နောက်လူသုံးယောက်ထိတယ်။” ဒီလက်နက်ကြီးတွေနဲ့ မပစ်ခင် စက်တင်ဘာ ၂၉ ရက်က မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ မီးဝကျေးရွာအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာသားတွေက ဘုန်းတာ်ကြီးကျောင်း ထွက်ပြေးလာကြတာပါ။ ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ ကိုရင်တပါးရဲ့ ဖခင်ဦးသိန်းနုမောင်က “ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ အဲ့ဒီအချိန်မှာ သူများအိမ်မှာ ကျနော်ဝပ်နေတယ်။ အဲ့ဒီအချိန်မှာ ကျောင်းကို ကျနော်တို့ ထွက်ပြေးတယ်။ အ့ဒီမှာကျနော်သားကိုယ်ရင်လေး လက်နက်ကြီးကျည်ကျလဲနေပြီး၊ ခန္ဓာကိုယ်တခုလုံးလည်း ဒဏ်ရာတွေပြန့်ကြဲနေတယ်။ ခေါင်းကလည်း ထိခိုက်သွားတယ်။ ဆရာတွေပြောတာက အခြေအနေ စိုးရိမ်ရတယ်”လို့ ပြောပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးက “ကျနော်တို့ Navy ပစ်လို့ မှန်တယ်ဆိုတာ ဖြစ်နိုင် မဖြစ်နိုင် ဘယ်လိုပြောရမှာလဲ မဖြစ်နိုင်ဘူးခင်ဗျ၊ သူပစ် ကိုယ်ပစ်ပဲ၊ ကျနော့် ကျည်လား၊ သောင်းကျန်သူ ကျည်လားဆိုတာ ဘယ်လိုမှဝေခွဲလို့ မရဘူးခင်ဗျ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ကုလားတန်မြစ်ဘေးရွာရဲ့အဝမှာ ရှိနေသေးတယ်။ မီးဝကျေးရွာက ကျနော်တို့ မရောက်သေးဘူး။ အဲ့ဒီမှာ သောင်းကျန်သူက မီတာ ၇၀၀ ၊ ၈၀၀ ကနေ လှမ်းစပစ်တာ” လို့ ပြောပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ အဲ့ဒီ မီးဝကျေးရွာအနားမှာတွေ တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ဘူးလို့ ရက္ခိုင့်တပ်တော်ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကိုပြောပါတယ်။ “တိုက်ပွဲဖြစ်တာ မရှိဘူးခင်ဗျ၊ အဲ့ဒါဗမာစစ်တပ်ဘက်က သူတို့တဖက်သတ် ပစ်ခတ်တာ၊ ရခိုင်တွေအပေါ်မှာ ဒါက အငြိုးအတေးကြီးစွာနဲ့ ဗမာစစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ရွာသားတွေကို သေကျေထိခိုက်အောင် အဲ့လိုမျိုးပစ်ခတ်နေတာဗျ၊ မနေ့ကဖြစ်စဉ်မှာဆိုရင် ဗမာစစ်တပ်ဘက်က ပစ်ခတ်သွားတာ။ အဲ့ဒီမှာ ရွာသားတွေ အထိနာကုန်တာပေါ့။” ဒီလို ဆရာတော့်တပါး ဒဏ်ရာ ရလာတာကြောင့် စစ်တွေမြို့က ဆရာတော်သံဃာ့တော်တချို့နဲ့ လူထုတွေ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။  ဒဏ်ရာရဆရာတော်ကြီးကို လာရောက်ကြည့်ရှုတဲ့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တ စာရဏက ”ပြည်သူတွေကို အခုလိုအပစ်မဲ့ ပစ်တာတွေကျတော့ စိတ်မကောင်းဖြစ်ရတယ်။ အရပ်သားတွေသေဆုံးတာလည်း ၈၀ ကျော်ထက် မနည်းတော့ဘူး။ အရမ်းအထိနာနေကြတယ်။ အရမ်းကိုစိတ်မကောင်းဘူး” မိန့်ပါတယ်။ ဝဏ္ဏခွာညို
ေက်ာက္ေတာ္ၿမိဳ႕နယ္၌ ဆရာေတာ္ႀကီး ၁ ပါးအပါအဝင္ ၅ ဦး ဒဏ္ရာရ၊ ပစ္ခတ္သူမ်ားဝန္မခံ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ မီးဝေက်း႐ြာမွာ လက္နက္က်ည္ေတြနဲ႔ ပစ္ခတ္မႈေတြ ေၾကာင့္ မီးဝဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ႀကီး ၁ ပါး၊ ကိုရင္ေလး ၁ ပါးနဲ႔ ေက်း႐ြာသား ၃ ဦး ထိခိုက္ဒဏ္ရာရရွိသြားတယ္လို႔ ႐ြာသားေတြကေျပာပါတယ္။ ဒီပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး ျမန္မာတပ္မေတာ္ဘက္ကလည္း သူတို႔ ပစ္ခတ္မႈ မဟုတ္ဘူးလို႔ ေျပာသလို ရခိုင္လက္နက္ကိုင္ ေအေအအဖြဲ႕ကလည္း သူတို႔အဖြဲ႕ရဲ႕ လက္ခ်က္မဟုတ္ဘူးလို႔ ေျပာပါတယ္။ မီးဝေက်း႐ြာသားေတြကေတာ့ ေအာက္တိုဘာ ၁ ရက္ မနက္ ၁ နာရီေလာက္မွာ မီးဝေက်း႐ြာအနားမွာရွိတဲ့ တပ္မေတာ္ ေရတပ္က လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ႐ြာဘက္ကို လွမ္းပစ္ခဲ့လို႔ ဘုန္းႀကီးေက်ာင္းမွာ ခိုလႈံဖို႔ ေရာက္ရွိလာတဲ့ ေက်း႐ြာသားေတြအပါအဝင္ ေက်ာင္းထိုင္ဆရာေတာ္နဲ႔ ကိုရင္ေလးတပါး ျပင္းထန္ဒဏ္ရာရရွိခဲ့တာလို႔ ေျပာပါတယ္။ ဒီလိုပစ္ခတ္မႈေတြေၾကာင့္ ျပည္နယ္သံဃနာယက ဆရာေတာ္ႀကီးတပါး၊ ကိုယ္ရင္ေလး တပါးနဲ႔ ေက်ာင္းဆရာမတဦးအပါအဝင္ စုစုေပါင္း ၅ ဦးထိခိုက္ဒဏ္ရာရရွိသြားတယ္လို႔ မီးဝေက်း႐ြာေစာလွေမာင္က ေျပာပါတယ္။ “မီးဝေက်း႐ြာရဲ႕အနား စစ္သေဘၤာေပၚကေန လွမ္းပစ္တာပါ။ လက္နက္ကတလုံးတည္း ပစ္တာမဟုတ္ဘူး။ အေရွ႕ အေနာက္ပတ္ပတ္လည္ကိုပစ္တာ။ ညပိုင္းကလည္းဘုန္းႀကီးေက်ာင္း ေနာက္ဘက္ကေနလည္း ပစ္တယ္။ ႐ြာရဲ႕ ေတာင္ဘက္ကက်ေတာ့ လက္နက္ႀကီးေတြနဲ႔ထုတယ္။ တိုက္ပြဲျဖစ္တာမဟုတ္ဘူး။ အဲ့ဒီလိုပစ္တဲ့အခ်ိန္ ေက်ာင္းဝန္းထဲမွာ ႐ြာသား ၃၀၀ ေလာက္ရွိတယ္။ အကုန္ဝပ္ေနၾကတာ။ အဲ့ဒီအခ်ိန္ လက္နက္ႀကီးတလုံးဘုန္းဘုန္း အနားကိုထိတယ္။ ။ ကိုရင္တပါးထိတယ္။ ေနာက္လူသုံးေယာက္ထိတယ္။” ဒီလက္နက္ႀကီးေတြနဲ႔ မပစ္ခင္ စက္တင္ဘာ ၂၉ ရက္က ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ မီးဝေက်း႐ြာအနားမွာ တိုက္ပြဲျဖစ္ပြားခဲ့တာျဖစ္ပြားခဲ့တာျဖစ္ၿပီး ေက်း႐ြာသားေတြက ဘုန္းတာ္ႀကီးေက်ာင္း ထြက္ေျပးလာၾကတာပါ။ ဒဏ္ရာျပင္းထန္ရရွိခဲ့တဲ့ ကိုရင္တပါးရဲ႕ ဖခင္ဦးသိန္းႏုေမာင္က “ ေရတပ္ကေန လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္တယ္။ အဲ့ဒီအခ်ိန္မွာ သူမ်ားအိမ္မွာ က်ေနာ္ဝပ္ေနတယ္။ အဲ့ဒီအခ်ိန္မွာ ေက်ာင္းကို က်ေနာ္တို႔ ထြက္ေျပးတယ္။ အ့ဒီမွာက်ေနာ္သားကိုယ္ရင္ေလး လက္နက္ႀကီးက်ည္က်လဲေနၿပီး၊ ခႏၶာကိုယ္တခုလုံးလည္း ဒဏ္ရာေတြျပန႔္ႀကဲေနတယ္။ ေခါင္းကလည္း ထိခိုက္သြားတယ္။ ဆရာေတြေျပာတာက အေျခအေန စိုးရိမ္ရတယ္”လို႔ ေျပာပါတယ္။ အေနာက္ပိုင္းတိုင္းစစ္ဌာခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက “က်ေနာ္တို႔ Navy ပစ္လို႔ မွန္တယ္ဆိုတာ ျဖစ္ႏိုင္ မျဖစ္ႏိုင္ ဘယ္လိုေျပာရမွာလဲ မျဖစ္ႏိုင္ဘူးခင္ဗ်၊ သူပစ္ ကိုယ္ပစ္ပဲ၊ က်ေနာ့္ က်ည္လား၊ ေသာင္းက်န္သူ က်ည္လားဆိုတာ ဘယ္လိုမွေဝခြဲလို႔ မရဘူးခင္ဗ်၊ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္တို႔က ကုလားတန္ျမစ္ေဘး႐ြာရဲ႕အဝမွာ ရွိေနေသးတယ္။ မီးဝေက်း႐ြာက က်ေနာ္တို႔ မေရာက္ေသးဘူး။ အဲ့ဒီမွာ ေသာင္းက်န္သူက မီတာ ၇၀၀ ၊ ၈၀၀ ကေန လွမ္းစပစ္တာ” လို႔ ေျပာပါတယ္။ ေအာက္တိုဘာ ၁ ရက္ေန႔မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ အဲ့ဒီ မီးဝေက်း႐ြာအနားမွာေတြ တိုက္ပြဲျဖစ္ပြားတာမရွိခဲ့ဘူးလို႔ ရကၡိဳင့္တပ္ေတာ္ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ဒီဗြီဘီကိုေျပာပါတယ္။ “တိုက္ပြဲျဖစ္တာ မရွိဘူးခင္ဗ်၊ အဲ့ဒါဗမာစစ္တပ္ဘက္က သူတို႔တဖက္သတ္ ပစ္ခတ္တာ၊ ရခိုင္ေတြအေပၚမွာ ဒါက အၿငိဳးအေတးႀကီးစြာနဲ႔ ဗမာစစ္တပ္က ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ႐ြာသားေတြကို ေသေက်ထိခိုက္ေအာင္ အဲ့လိုမ်ိဳးပစ္ခတ္ေနတာဗ်၊ မေန႔ကျဖစ္စဥ္မွာဆိုရင္ ဗမာစစ္တပ္ဘက္က ပစ္ခတ္သြားတာ။ အဲ့ဒီမွာ ႐ြာသားေတြ အထိနာကုန္တာေပါ့။” ဒီလို ဆရာေတာ့္တပါး ဒဏ္ရာ ရလာတာေၾကာင့္ စစ္ေတြၿမိဳ႕က ဆရာေတာ္သံဃာ့ေတာ္တခ်ိဳ႕နဲ႔ လူထုေတြ လာေရာက္ၾကည့္ရႈခဲ့ၾကပါတယ္။ ဒဏ္ရာရဆရာေတာ္ႀကီးကို လာေရာက္ၾကည့္ရႈတဲ့ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္ ဘဒၵႏၲ စာရဏက ”ျပည္သူေတြကို အခုလိုအပစ္မဲ့ ပစ္တာေတြက်ေတာ့ စိတ္မေကာင္းျဖစ္ရတယ္။ အရပ္သားေတြေသဆုံးတာလည္း ၈၀ ေက်ာ္ထက္ မနည္းေတာ့ဘူး။ အရမ္းအထိနာေနၾကတယ္။ အရမ္းကိုစိတ္မေကာင္းဘူး” မိန႔္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024