ရဲတပ်ဖွဲ့ဝင်များ Mind Set ပြောင်းလဲရန် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်တိုက်တွန်း
Aung Ko Latt
·
October 1, 2019
ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ Mind Set ပြောင်းလဲကြဖို့ ဒီကနေ့ မုံရွာမြို့မှာ ကျင်းပတဲ့ ၅၅ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။
"မြန်မာနိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းကာလဖြစ်လို့ ရဲတပ်ဖွဲ့ကလည်း ဒီမိုကရေစီ လုပ်ငန်းစနစ်ကို ကူးပြောင်းလာရပါတယ်။ စနစ်တခုကူးပြောင်းဖို့ ချက်ခြင်းမဖြစ်နိုင်သလို ရဲလုပ်ငန်း စနစ်ကူးပြောင်းတာမှာလည်း အချိန်ယူပြီး ၁ ယောက်ချင်းစီရဲ့ Mind Set ပြောင်းလဲ ကာ ပြည်သူတွေနဲ့ ပိုမိုထိတွေ့မှု ရယူ ဆောင်ရွက်ရပါတယ်။ ရဲတပ်ဖွဲ့က ပြည်သူအပေါ် အလေးထားမှု၊ ယဉ်ကျေးသိမ်မွေ့စွာ တုံ့ပြန်မှု နဲ့ ဆောင်ရွက်လာနိုင်မယ်ဆိုရင် ပြည်သူကလည်း ကြည်ဖြူလက်ခံလာမှာဖြစ်ပါတယ်။"လို့ ဝန်ကြီးချုပ်က အမှာစကားမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
တိုင်းအစိုးရအနေနဲ့လည်း ရဲလုပ်ငန်းတွေ အဆင်ပြေအောင် လတ်တလော လိုအပ်နေတဲ့ ရောင်ပြန်အကျ ၁၅၀၊ ဓာတ်မီး ၁၈၀၊ Icon ဖုန်း ၃၅ လုံး၊ Jumper စက် ၂လုံး၊ ရှေ့ပြေး မော်တော်ဆိုင်ကယ်၊ အသံချဲ့စက်နှင့် ဆက်စပ်ပစ္စည်းတွေထောက်ပံ့ပေးထားသလို စစ်ကိုင်း၊ ကသာ၊ ရွှေဘို၊ မုံရွာ၊ ကလေး၊ တမူးမြို့တွေမှာ လုံခြုံရေးကင်မရာတပ်ဆင်ဖို့ ကျပ်သိန်းပေါင်း ၆၀၀၀ ထောက်ပံ့ထားပြီး အခုဘဏ္ဍာနှစ်မှာလည်း ကျပ်သိန်းပေါင်း ၆ ထောင်ကို ထောက်ပံ့ပေး ဦးမယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးဖမ်းဆီးရေးအပါအဝင် ရဲလုပ်ငန်းစဉ်တွေမှာ ထူးထူးချွန်ချွန်ဆောင်ရွက်နိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး စတဲ့ ရဲလုပ်ငန်းစဉ်တွေကို ဒီထက်မက အောင်မြင်အောင် ကြိုးစားလုပ်ဆောင်ကြဖို့ ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။