Home
မြန်မာသတင်း
မိတ္ထီလာမြို့က ကားဝပ်ရှော့ပိုင်ရှင် သိန်း ၁၅၀၀၀ ဆု ပေါက်
DVB
·
October 1, 2019
71900420_3033298400142490_7111662507197988864_n
71183573_3033298573475806_5125866588137848832_n
72115242_3033298833475780_2133572553870934016_n
71078732_3033298470142483_8614928063257378816_n
71103690_3033298903475773_8486887644985294848_n
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အောင်ဇေယျာရပ်နယ်မြေ(၇)နေ စိုးရည်နန္ဒာ ကားဝပ်ရှော့ပိုင်ရှင် ဦးစိုးနိုင် (၅၄နှစ်)ဟာ သမီးဆီက လက်ဖက်ရည်ဖိုး ၅၀၀၀ ကျပ်တောင်းပြီး ထီ ၅စောင်ထိုးရာက သိန်း တစ်သောင်းခွဲဆုကြီး ပေါက်သွားပါတယ်။ ထီသိန်းတသောင်းခွဲဆုရှင် ဦးစိုးနိုင်က "မိတ္ထီလာမှာ လမ်းလျှောက်တဲ့ အဖွဲ့လေး ရှိတယ်။ ထီစုထိုးကြတဲ့အပြင် ထီထိုးတာ ဝါသနာပါပြီးတော့ သမီးတွေ မြေးတွေ နာမည်နဲ့လည်း ထီထိုးတယ် အခါတော်ပေးတဲ့ သူငယ်ချင်းက တနင်္ဂနွေသမီးဆီက ပိုက်ဆံတောင်းပြီး ထီထိုးရင် ပေါက်မယ် ဆိုတာနဲ့ပဲ သမီး အိန္ဒြာစိုးဆီက ၅၀၀ကျပ်တောင်းပြီး ဒိုးကလေးထီဆိုင်က ထီ၅စောင်ထိုးတာပါ အဲဒီထဲက ပေါက်တာပါပဲ"လို့ ဒီဗွီဘီကိုပြောပါတယ်။ ဒိုးကလေးထီဆိုင်ပိုင်ရှင် ဦးမျိုးညွှန့်က "ထီ တစောင်ကို တစ်ဆယ်ကျပ်ထဲက ထီရောင်း လာတယ်။ အခုတော့ ထီဆုကြီး ပေါက်သွားပြီး သိပ်ဝမ်းသာတယ်ဗျာ"လို့ ပြောပါတယ်။ ဦးစိုးနိုင်ရဲ့ ဇနီးဖြစ်သူဒေါ်ရွှေရည်က "ထီပေါက်တယ်ဆိုတော့ မျက်ရည်ကျအောင် ဝမ်းသာမိတယ်။ ပျော်ဘွယ်မြို့ပြန်ပြီး ရွာဘုန်းကြီးကို ကျောင်းဆောင်အလှူ လှူမယ်"လို့ ပြောပါတယ်။ ဦးစိုးနိုင်ဟာ လစဉ်မပျက်ထီ ထိုးလာတာ ၁နှစ်ကို ၈ ကြိမ် ၉ ကြိမ်လောက် ငါးသောင်းဆု တသိန်းဆု စတဲ့ ဆုသေးသေးလေးတွေ ပေါက်လေ့ရှိတယ် ဆိုပါတယ်။ သတင်း-မောင်မောင်လင်း
မိတၳီလာၿမိဳ႕က ကားဝပ္ေရွာ့ပိုင္ရွင္ သိန္း ၁၅၀၀၀ ဆု ေပါက္ DVB မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕ ေအာင္ေဇယ်ာရပ္နယ္ေျမ(၇)ေန စိုးရည္နႏၵာ ကားဝပ္ေရွာ့ပိုင္ရွင္ ဦးစိုးႏိုင္ (၅၄ႏွစ္)ဟာ သမီးဆီက လက္ဖက္ရည္ဖိုး ၅၀၀၀ က်ပ္ေတာင္းၿပီး ထီ ၅ေစာင္ထိုးရာက သိန္း တစ္ေသာင္းခြဲဆုႀကီး ေပါက္သြားပါတယ္။ ထီသိန္းတေသာင္းခြဲဆုရွင္ ဦးစိုးႏိုင္က "မိတၳီလာမွာ လမ္းေလွ်ာက္တဲ့ အဖြဲ႕ေလး ရွိတယ္။ ထီစုထိုးၾကတဲ့အျပင္ ထီထိုးတာ ဝါသနာပါၿပီးေတာ့ သမီးေတြ ေျမးေတြ နာမည္နဲ႔လည္း ထီထိုးတယ္ အခါေတာ္ေပးတဲ့ သူငယ္ခ်င္းက တနဂၤေႏြသမီးဆီက ပိုက္ဆံေတာင္းၿပီး ထီထိုးရင္ ေပါက္မယ္ ဆိုတာနဲ႔ပဲ သမီး အိျႏၵာစိုးဆီက ၅၀၀က်ပ္ေတာင္းၿပီး ဒိုးကေလးထီဆိုင္က ထီ၅ေစာင္ထိုးတာပါ အဲဒီထဲက ေပါက္တာပါပဲ"လို႔ ဒီဗြီဘီကိုေျပာပါတယ္။ ဒိုးကေလးထီဆိုင္ပိုင္ရွင္ ဦးမ်ိဳးၫႊန႔္က "ထီ တေစာင္ကို တစ္ဆယ္က်ပ္ထဲက ထီေရာင္း လာတယ္။ အခုေတာ့ ထီဆုႀကီး ေပါက္သြားၿပီး သိပ္ဝမ္းသာတယ္ဗ်ာ"လို႔ ေျပာပါတယ္။ ဦးစိုးႏိုင္ရဲ႕ ဇနီးျဖစ္သူေဒၚေ႐ႊရည္က "ထီေပါက္တယ္ဆိုေတာ့ မ်က္ရည္က်ေအာင္ ဝမ္းသာမိတယ္။ ေပ်ာ္ဘြယ္ၿမိဳ႕ျပန္ၿပီး ႐ြာဘုန္းႀကီးကို ေက်ာင္းေဆာင္အလႉ လႉမယ္"လို႔ ေျပာပါတယ္။ ဦးစိုးႏိုင္ဟာ လစဥ္မပ်က္ထီ ထိုးလာတာ ၁ႏွစ္ကို ၈ ႀကိမ္ ၉ ႀကိမ္ေလာက္ ငါးေသာင္းဆု တသိန္းဆု စတဲ့ ဆုေသးေသးေလးေတြ ေပါက္ေလ့ရွိတယ္ ဆိုပါတယ္။ သတင္း-ေမာင္ေမာင္လင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024