Home
မြန်မာသတင်း
နမ့်ဆန်မြို့နယ်က လူနေအိမ်အချို့ လက်နက်ကြီးကျည်ဆန် ထိမှန်  
နန်းမြနဒီ
·
October 1, 2019
72406916_2420814934908534_5408571179625611264_n
71689146_2420814844908543_3294968501399191552_n
72383507_2420814824908545_4164923262599430144_n
71492195_2420814891575205_8969935933797302272_n
71201682_2420814991575195_1041493676238307328_n
ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာတပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဇယန်းကြီးအုပ်စု ပန်လော့ကျေးရွာထဲက နေအိမ် ၁၉ လုံးကို ထိမှန်ခဲ့တယ်လို့  ပလောင်ဒေသဦးစီးအဖွဲ့ရုံးက သိရပါတယ်။ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းက ပန်လော့ရွာဘက်မှာ တီအန်အ ယ်လ်အေတပ်ဘက်က ထောင်ထားတဲ့  မိုင်းပေါက်ကွဲသွားပြီးနောက် ပန်လော့ရွာဘက်ကို ပစ်ခ တ်ခဲ့တာလို့ ပလောင် ဒေသဦးစီးအဖွဲ့ရုံးမှ တာဝန်ကျဝန်ထမ်း ဦးစိုးပိုင်က ဒီဗွီဘီကို ပြောပါတယ် ။  “အဲဒီနေ့က တီအန်အယ်လ်အေတပ်တွေ ဘယ်မှာရှိတယ်ဆိုတာတော့ ကျနော်တို့ တိတိကျကျ မသိဘူးခင်ဗျ။ ဒါပေမယ့် သူတို့ထောင်ထားတဲ့မိုင်းက ပန်လော့ရွာနား ပေါက်ကွဲသွား တယ်။ အသံကြားတော့ နမ့်ဆန်မှာရှိတဲ့ မြန်မာစစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ လှမ်းထုတာခင်ဗျ။  ကောင်းမူးဆဲမ်းဘုရား တောင်ပေါ်ဘက်ကနေပြီး တော့လည်း လှမ်းထုတယ်။ ကျည်ဆံတွေက ပန်လော့ရွာထဲကို ကျသွားတာ၊ နေအိမ် ၁၉ လုံးကို ထိမှန်တယ်။ ၂ လုံးက ခေါင်မိုးတော်တော်ပျက်စီးသွားတယ်။ ကျန်တဲ့ ၁၇ လုံးက အနည်းငယ်စီ ထိမှန်ပါတယ်။” လက်နက်ကျည်ကြောင့် လူတွေထိမှန်ဒဏ်ရာရတာတော့ မရှိကြောင်း၊ ပျက်စီးသွားတဲ့ အိမ်တွေအတွက် ပြင်ဆင်ဖို့ ဘယ်သူက တာဝန်ယူပေးမလဲဆိုတာ မသိသေးဘူးလို့ ဆိုပါတယ်။  နမ့်ဆန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်က တီအန်အယ်လ်အေနဲ့  တပ်မတော်အကြား တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နမ့်ဆန်မြို့ အနောက်ဘက် ၇ မိုင်ခန့်အကွာ  တောင်ရိုး ဘုရားတောင်ပေါ်က ဘုရားဆင်းထုတော် ၊ စေတီပုထိုး နဲ့ သာသနိက အဆောက်အဦတချို့ လက်နက် ထိမှန် ပျက်စီးခဲ့ပါတယ် ။  အဆိုပါ ပျက်စီးမှုတွေအတွက်တော့ မြန်မာ့တပ်မတော်ဘက်က တာဝန်ယူကာ ကုန်ကျငွေ ကျပ်သိန်း ၆၀ ပေးအပ်ခဲ့ပြီး စတင်မွမ်းမံပြင်ဆင်နေပြီလို့ ပလောင်ဒေသဦးစီးရုံးက ပြောပါတယ်။ 
နမ့္ဆန္ၿမိဳ႕နယ္က လူေနအိမ္အခ်ိဳ႕ လက္နက္ႀကီး က်ည္ဆန္ ထိမွန္ နန္းျမနဒီ ရွမ္းျပည္ေျမာက္ပိုင္း၊ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ နမ့္ဆန္ၿမိဳ႕နယ္ထဲမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျမန္မာတပ္မေတာ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေၾကာင့္ ဇယန္းႀကီးအုပ္စု ပန္ေလာ့ေက်း႐ြာထဲက ေနအိမ္ ၁၉ လုံးကို ထိမွန္ခဲ့တယ္လို႔ ပေလာင္ ေဒသဦးစီးအဖြဲ႕႐ုံးက သိရပါတယ္။ စက္တင္ဘာလ ၂၇ ရက္ မြန္းလြဲပိုင္းက ပန္ေလာ့႐ြာဘက္မွာ တီအန္အ ယ္လ္ေအတပ္ဘက္က ေထာင္ထားတဲ့ မိုင္းေပါက္ကြဲသြားၿပီးေနာက္ ပန္ေလာ့႐ြာဘက္ကို ပစ္ခ တ္ခဲ့တာလို႔ ပေလာင္ ေဒသဦးစီးအဖြဲ႕႐ုံးမွ တာဝန္က်ဝန္ထမ္း ဦးစိုးပိုင္က ဒီဗြီဘီကို ေျပာပါတယ္။ “အဲဒီေန႔က တီအန္အယ္လ္ေအတပ္ေတြ ဘယ္မွာရွိတယ္ဆိုတာေတာ့ က်ေနာ္တို႔ တိတိက်က် မသိဘူးခင္ဗ်။ ဒါေပမယ့္ သူတို႔ေထာင္ထားတဲ့မိုင္းက ပန္ေလာ့႐ြာနား ေပါက္ကြဲသြား တယ္။ အသံၾကားေတာ့ နမ့္ဆန္မွာရွိတဲ့ ျမန္မာစစ္တပ္ကုန္းကေန လက္နက္ႀကီးနဲ႔ လွမ္းထုတာခင္ဗ်။ ေကာင္းမူးဆဲမ္းဘုရား ေတာင္ေပၚဘက္ကေနၿပီး ေတာ့လည္း လွမ္းထုတယ္။ က်ည္ဆံေတြက ပန္ေလာ့႐ြာထဲကို က်သြားတာ၊ ေနအိမ္ ၁၉ လုံးကို ထိမွန္တယ္။ ၂ လုံးက ေခါင္မိုးေတာ္ေတာ္ပ်က္စီးသြားတယ္။ က်န္တဲ့ ၁၇ လုံးက အနည္းငယ္စီ ထိမွန္ပါတယ္။” လက္နက္က်ည္ေၾကာင့္ လူေတြထိမွန္ဒဏ္ရာရတာေတာ့ မရွိေၾကာင္း၊ ပ်က္စီးသြားတဲ့ အိမ္ေတြအတြက္ ျပင္ဆင္ဖို႔ ဘယ္သူက တာဝန္ယူေပးမလဲဆိုတာ မသိေသးဘူးလို႔ ဆိုပါတယ္။ နမ့္ဆန္ၿမိဳ႕နယ္ထဲမွာ ၿပီးခဲ့တဲ့ စက္တင္ဘာလလယ္က တီအန္အယ္လ္ေအနဲ႔ တပ္မေတာ္အၾကား တိုက္ပြဲျပင္းထန္ၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေၾကာင့္ နမ့္ဆန္ၿမိဳ႕ အေနာက္ဘက္ ၇ မိုင္ခန႔္အကြာ ေတာင္႐ိုး ဘုရားေတာင္ေပၚက ဘုရားဆင္းထုေတာ္ ၊ ေစတီပုထိုး နဲ႔ သာသနိက အေဆာက္အဦတခ်ိဳ႕ လက္နက္ ထိမွန္ ပ်က္စီးခဲ့ပါတယ္။ အဆိုပါ ပ်က္စီးမႈေတြအတြက္ေတာ့ ျမန္မာ့တပ္မေတာ္ဘက္က တာဝန္ယူကာ ကုန္က်ေငြ က်ပ္သိန္း ၆၀ ေပးအပ္ခဲ့ၿပီး စတင္မြမ္းမံျပင္ဆင္ေနၿပီလို႔ ပေလာင္ေဒသဦးစီး႐ုံးက ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024