A d v e r t i s e m e n t With Us

တရုတ်နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်တွင် ဟောင်ကောင် ဆန္ဒပြသူများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်

တရုတ်နိုင်ငံ တည်ထောင်ခဲ့တဲ့ နှစ် ၇ဝ ပြည့် တရုတ်အမျိုးသားနေ့ကို အကြီးအကျယ် ကျင်းပနေချိန်မှာပဲ ဟောင်ကောင်မှာတော့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေကြပါတယ်။ တရုတ်နိုင်ငံ တည်ထောင်ခဲ့တဲ့ နှစ် ၇ဝ ပြည့် တရုတ်အမျိုးသားနေ့ကို တရုတ်မြို့တော် ဘေကျင်းက တီအန်နန်မင် ရင်ပြင်မှာ အောက်တိုဘာ ၁ ရက်က အကြီးအကျယ် ကျင်းပခဲ့တာပါ။ တရုတ်သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးချုပ်နဲ့ တရုတ် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီခါ့ချိန်နဲ့ တခြား အဆင့်မြင့် အရာရှိကြီးတွေ တက်ရောက်ပါတယ်။ အခမ်းအနားကို မနက် ၁၀ နာရီမှာ စအပြီး သေနတ်သံ အချက် ၇၀ ပစ်ဖောက် ဂုဏ်ပြုပါတယ်။ အဲဒီနောက် အလံတင် အခမ်းအနား ကျင်းပခဲ့တာပါ။ တရုတ်စစ်အင်အားကိုလည်း ချီတက်ပွဲတွေနဲ့အတူ ပြသခဲ့ပါတယ်။ တရုတ်နိုင်ငံတလွှားက မတူခြားနားတဲ့ တိုင်းရင်းသား အုပ်စုဝင်တွေနဲ့ ပြည်ပရောက် တရုတ်နိုင်ငံသားတွေဟာ ကျွန်တော်တို့ရဲ့ ကြီးမြတ်တဲ့ အမိမြေကို ဂုဏ်ယူသလို ရိုးရိုးသားသား ပျော်ပျော်ရွှင်ရွှင် ဆုမွန်ကောင်း တောင်းကြတယ်လို့လည်း ရှီက ပြောပါတယ်။  ညနေပိုင်း ဧည့်ခံပွဲကို ဒီရင်ပြင်မှာပဲ ဒီနေ့မှာပဲ ကျင်းပမှာ ဖြစ်ပြီး တရုတ် အာဏာရပါတီနဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ ပြည်သူတွေနဲ့အတူ မီးပန်းပြပွဲကို ကြည့်ရှုကြမှာပါ။ တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ တရုတ်နိုင်ငံ တည်ထောင်ခြင်းနေ့ကို အောက်တိုဘာ ၁ ရက်နေ့က အကြီးအကျယ် ခမ်းခမ်းနားနား ကျင်းပနေချိန်မှာပဲ ဟောင်ကောင်မှာတော့ ငရုတ်ကောင်းရည်တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ပေါ်ပေါက်နေပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက် ဖွင့်လှစ်တဲ့ အမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို အရိပ်မိုးလောက်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မဖြစ်တာ သေချာစေရေး အာဏာပိုင်တွေက ကြိုးစားနေပေမယ့် ဟောင်ကောင်မှာ တခါတရံ အကြမ်းဖက်လာတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာ အချိန်လေးလနီးပါး ကြာနေပါပြီ။ တရုတ်အမျိုးသားနေ့ဟာ စီးပွားရေး တိုးတက်မှုကို ကမ္ဘာကိုပြဖို့ အခွင့်အရေးအဖြစ် တရုတ်အစိုးရက ရှုမြင်ထားတာပါ။ ဒါပေမဲ့ ဆန္ဒပြသူတွေက နိုင်ငံတကာ စင်မြင့်မှာ ဟောင်ကောင်အတွက် ပိုကြီးတဲ့ ဒီမိုကရေစီပေးဖို့ ဆော်သြ တွန်းပို့သွားမယ်လို့ ကတိပြုထားပါတယ်။ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် ပျက်စီးတာကို ရှောင်ဖို့ ဟောင်ကောင် ရထားလုပ်ငန်း MTR ကော်ပိုရေးရှင်းက မြေအောက် ရထားဘူတာ တချို့ ကို ပိတ်ထားပြီး ကုန်တိုက်တန်းကြီး အတော်များများကလည်း ဆိုင်ပိတ်မယ်လို့ ကြေညာထားပါတယ်။ ဟောင်ကောင် အကြီးအကဲ ကယ်ရီလမ်ရဲ့ အစိုးရက အများပြည်သူ ဘေးကင်းရေးနဲ့ ဆိုင်တဲ့ စိုးရိမ်ချက်ကြောင့် ခါတိုင်းလို ဗစ်တိုးရီးယား ဆိပ်ကမ်းမှာ မီးရှူးမီးပန်း ပြပွဲ မလုပ်တော့ဘဲ ဖျက်သိမ်းထားပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version တ႐ုတ္ႏိုင္ငံ တည္ေထာင္ျခင္း ႏွစ္ ၇၀ ျပည့္တြင္ ေဟာင္ေကာင္ ဆႏၵျပသူမ်ားႏွင့္ ရဲမ်ား ႐ုန္းရင္းဆန္ခတ္ျဖစ္ တ႐ုတ္ႏိုင္ငံ တည္ေထာင္ခဲ့တဲ့ ႏွစ္ ၇ဝ ျပည့္ တ႐ုတ္အမ်ိဳးသားေန႔ကို အႀကီးအက်ယ္ က်င္းပေနခ်ိန္မွာပဲ ေဟာင္ေကာင္မွာေတာ့ အစိုးရ ဆန႔္က်င္ေရး ဆႏၵျပသူေတြနဲ႔ ရဲေတြ ႐ုန္းရင္းဆန္ခတ္ ျဖစ္ေနၾကပါတယ္။ တ႐ုတ္ႏိုင္ငံ တည္ေထာင္ခဲ့တဲ့ ႏွစ္ ၇ဝ ျပည့္ တ႐ုတ္အမ်ိဳးသားေန႔ကို တ႐ုတ္ၿမိဳ႕ေတာ္ ေဘက်င္းက တီအန္နန္မင္ ရင္ျပင္မွာ ေအာက္တိုဘာ ၁ ရက္က အႀကီးအက်ယ္ က်င္းပခဲ့တာပါ။ တ႐ုတ္သမၼတ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ အတြင္းေရးမႉးခ်ဳပ္နဲ႔ တ႐ုတ္ ဗဟိုစစ္ေကာ္မရွင္ ဥကၠ႒ ရွီက်င့္ဖ်င္၊ ဝန္ႀကီးခ်ဳပ္ လီခါ့ခ်ိန္နဲ႔ တျခား အဆင့္ျမင့္ အရာရွိႀကီးေတြ တက္ေရာက္ပါတယ္။ အခမ္းအနားကို မနက္ ၁၀ နာရီမွာ စအၿပီး ေသနတ္သံ အခ်က္ ၇၀ ပစ္ေဖာက္ ဂုဏ္ျပဳပါတယ္။ အဲဒီေနာက္ အလံတင္ အခမ္းအနား က်င္းပခဲ့တာပါ။ တ႐ုတ္စစ္အင္အားကိုလည္း ခ်ီတက္ပြဲေတြနဲ႔အတူ ျပသခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံတလႊားက မတူျခားနားတဲ့ တိုင္းရင္းသား အုပ္စုဝင္ေတြနဲ႔ ျပည္ပေရာက္ တ႐ုတ္ႏိုင္ငံသားေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ ႀကီးျမတ္တဲ့ အမိေျမကို ဂုဏ္ယူသလို ႐ိုး႐ိုးသားသား ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ဆုမြန္ေကာင္း ေတာင္းၾကတယ္လို႔လည္း ရွီက ေျပာပါတယ္။ ညေနပိုင္း ဧည့္ခံပြဲကို ဒီရင္ျပင္မွာပဲ ဒီေန႔မွာပဲ က်င္းပမွာ ျဖစ္ၿပီး တ႐ုတ္ အာဏာရပါတီနဲ႔ ႏိုင္ငံ့ေခါင္းေဆာင္ေတြဟာ ျပည္သူေတြနဲ႔အတူ မီးပန္းျပပြဲကို ၾကည့္ရႈၾကမွာပါ။ တ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ ေပက်င္းမွာ တ႐ုတ္ႏိုင္ငံ တည္ေထာင္ျခင္းေန႔ကို ေအာက္တိုဘာ ၁ ရက္ေန႔က အႀကီးအက်ယ္ ခမ္းခမ္းနားနား က်င္းပေနခ်ိန္မွာပဲ ေဟာင္ေကာင္မွာေတာ့ င႐ုတ္ေကာင္းရည္ေတြ ႐ုန္းရင္းဆန္ခတ္မႈေတြ ေပၚေပါက္ေနပါတယ္။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ တက္ေရာက္ ဖြင့္လွစ္တဲ့ အမ်ိဳးသားေန႔ အထိမ္းအမွတ္ပြဲကို အရိပ္မိုးေလာက္တဲ့ အစိုးရ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ မျဖစ္တာ ေသခ်ာေစေရး အာဏာပိုင္ေတြက ႀကိဳးစားေနေပမယ့္ ေဟာင္ေကာင္မွာ တခါတရံ အၾကမ္းဖက္လာတဲ့ ဆႏၵျပပြဲေတြ ျဖစ္ခဲ့တာ အခ်ိန္ေလးလနီးပါး ၾကာေနပါၿပီ။ တ႐ုတ္အမ်ိဳးသားေန႔ဟာ စီးပြားေရး တိုးတက္မႈကို ကမာၻကိုျပဖို႔ အခြင့္အေရးအျဖစ္ တ႐ုတ္အစိုးရက ရႈျမင္ထားတာပါ။ ဒါေပမဲ့ ဆႏၵျပသူေတြက ႏိုင္ငံတကာ စင္ျမင့္မွာ ေဟာင္ေကာင္အတြက္ ပိုႀကီးတဲ့ ဒီမိုကေရစီေပးဖို႔ ေဆာ္ၾသ တြန္းပို႔သြားမယ္လို႔ ကတိျပဳထားပါတယ္။ ႐ုန္းရင္းဆန္ခတ္မႈေတြေၾကာင့္ ပ်က္စီးတာကို ေရွာင္ဖို႔ ေဟာင္ေကာင္ ရထားလုပ္ငန္း MTR ေကာ္ပိုေရးရွင္းက ေျမေအာက္ ရထားဘူတာ တခ်ိဳ႕ ကို ပိတ္ထားၿပီး ကုန္တိုက္တန္းႀကီး အေတာ္မ်ားမ်ားကလည္း ဆိုင္ပိတ္မယ္လို႔ ေၾကညာထားပါတယ္။ ေဟာင္ေကာင္ အႀကီးအကဲ ကယ္ရီလမ္ရဲ႕ အစိုးရက အမ်ားျပည္သူ ေဘးကင္းေရးနဲ႔ ဆိုင္တဲ့ စိုးရိမ္ခ်က္ေၾကာင့္ ခါတိုင္းလို ဗစ္တိုးရီးယား ဆိပ္ကမ္းမွာ မီးရႉးမီးပန္း ျပပြဲ မလုပ္ေတာ့ဘဲ ဖ်က္သိမ္းထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up