Home
မြန်မာသတင်း
ရန်ကုန်တွင် ပြေးဆွဲနေသည့် ကြားကားများကို ထိရောက်သည့်ပြစ်ဒဏ်ချမှတ် အရေးယူမည်
အာကာ
·
October 1, 2019
YBS ယာဉ်လမ်းကြောင်းမှာ တရားမဝင် ဝင်ရောက်ပြေးဆွဲနေတဲ့ ကြားကားတွေကို ကျပ် ၃၀၀၀၀ ထက်မပိုတဲ့ငွေဒဏ်ထက် ပိုထိရောက်တဲ့ပြစ်ဒဏ်တွေချမှတ်နိုင်ဖို့ အစီအမံချဆောင်ရွက် နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အောက်တိုဘာ ၁ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းရဲ့ “ကြားကား ပြေးဆွဲမှုပပျောက်ရေး ဘယ်လို စီစဉ်ဆောင်ရွက်နေကြောင်း” မေးမြန်းမှုကို ပြန်ဖြေကြားခဲ့တာပါ။ ညပိုင်းတွေမှာ တရားမဝင် ပြေးဆွဲနေတဲ့ ကြားကားတွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ကျပ်၃၀၀၀၀ထက်မပိုတဲ့ ငွေဒဏ် ချမှတ်အရေးယူနေပေမယ့် ထိရောက်မှုမရှိဘူးလို့ဆိုပါတယ်။
ရန္ကုန္တြင္ ေျပးဆြဲေနသည့္ ၾကားကားမ်ားကို ထိေရာက္သည့္ျပစ္ဒဏ္ခ်မွတ္ အေရးယူမည္ အာကာ YBS ယာဥ္လမ္းေၾကာင္းမွာ တရားမဝင္ ဝင္ေရာက္ေျပးဆြဲေနတဲ့ ၾကားကားေတြကို က်ပ္ ၃၀၀၀၀ ထက္မပိုတဲ့ေငြဒဏ္ထက္ ပိုထိေရာက္တဲ့ျပစ္ဒဏ္ေတြခ်မွတ္ႏိုင္ဖို႔ အစီအမံခ်ေဆာင္႐ြက္ ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ လွ်ပ္စစ္၊စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္မွာ ေအာက္တိုဘာ ၁ ရက္ေန႔က တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ထြန္းရဲ႕ “ၾကားကား ေျပးဆြဲမႈပေပ်ာက္ေရး ဘယ္လို စီစဥ္ေဆာင္႐ြက္ေနေၾကာင္း” ေမးျမန္းမႈကို ျပန္ေျဖၾကားခဲ့တာပါ။ ညပိုင္းေတြမွာ တရားမဝင္ ေျပးဆြဲေနတဲ့ ၾကားကားေတြကို ယာဥ္ထိန္းရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး က်ပ္၃၀၀၀၀ထက္မပိုတဲ့ ေငြဒဏ္ ခ်မွတ္အေရးယူေနေပမယ့္ ထိေရာက္မႈမရွိဘူးလို႔ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024