Home
မြန်မာသတင်း
အာဆီယံသန့်ရှင်းသောမြို့တော်ဆု လွိုင်ကော်၊ တောင်ကြီးနှင့် ထားဝယ်မြို့တို့ ရရှိ
နော်နိုရင်း
·
October 1, 2019
ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့အပါအဝင် မြန်မာနိုင်ငံက မြို့ ၃ မြို့ဟာ ၂၀၁၉ ခုနှစ်အတွက် အာဆီယံ သန့်ရှင်းသောမြို့တော်ဆု ရရှိသွားပါတယ်။  လာမယ့် ၂၀၂၀  ဇန်နဝါရီလ ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် ဒုတိယ အကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (ASEAN Tourism Forum – ATF ) အတွက်  သန့်ရှင်းသော ခရီးသွားမြို့တော်ဆုဝင်ပြိုင်ရာမှာ လွိုင်ကော်မြို့ အနေနဲ့ သန့်ရှင်းသောမြို့တော် ဆုရရှိသွားတာ လို့ ကယားပြည်နယ် ဟိုတယ်နဲ့ခရီးသွားလာရေးညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးလင်းဇော်ထွဋ် ကပြောပါတယ်။  “ဒီ ၂၀၂၀ ဇန်နဝါရီလ ဘရူနိုင်းနိုင်ငံမှာ ဒုတိယအကြိမ် အာဆီယံခရီးသွားပွဲတော်လုပ်မှာပေါ့။ ကျနော်တို့က အဲဒီပွဲမှာ ကျနော်တို့ ပြည်နယ်နဲ့ကိုက်ညီတဲ့ဟာပြိုင်တော့ ကျနော်တို့ ကယား ပြည်နယ် လွိုင်ကော်မြို့ဟာ သန့်လည်းသန့်ရှင်းတယ်။ မြို့လည်း အမှိုက်ကင်းစင်တယ်ဆိုတော့ ကျနော်တို့က အဲဒီခေါင်းစဉ်နဲ့ ကိုက်တဲ့ဟာကို ကျနော်တို့ ဝင်ပြိုင်တာပေါ့ဗျာ။ ဝင်ပြိုင်တဲ့ အခါ ကျတော့မှ ကျနော့်တို့လွိုင်ကော်မြို့ကတော့ ဆုရရှိလို့ ဆုတက်ရောက်ယူဖို့ဝန်ကြီးဌာနက အကြောင်းကြား လာတာပေါ့။ ” အဆိုပါ ပွဲတော်မှာ အာဆီယံဒေသတွင်း နိုင်ငံအားလုံး ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး  နိုင်ငံတခုကို ၃ မြို့စီရွေးချယ်ပေးအပ်တာလို့ ဆိုပါတယ်။  မြန်မာနိုင်ငံအနေနဲ့ ရန်ကုန်၊ မန္တလေးမြို့အပါအဝင်  မြို့ပေါင်း ၅၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ရာကနေ ကယားပြည်နယ်လွိုင်ကော်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ ရရှိတာဖြစ်ပါတယ်။  ဒီလိုဝင်ရောက်ယှဉ်ပြိုင်ရာမှာ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်က သတ်မှတ်ထားတဲ့ အချက် ၁၀၈ ချက်ရှိပြီး အဲဒီအချက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်အောင်မှာ  ဆန်ကာ တင်ရွေးချယ်တာဖြစ်တယ်လို့ ဦးဇော်လင်းထွဋ်က ပြောပါတယ်။ “ကျနော်တို့ ပြည်နယ်က Criteria ၁၀၈ ချက်အပြင်ကို ကျနော်တို့ပြည်နယ်မှာရှိတဲ့ ဌာနတွေရဲ့အချက်တွေ ယူပြီးတင်လိုက်တဲ့အခါမှာ ၉၀ ရာခိုင်နှုန်းကျော်လို့ရရှိသွားတာပေါ့နော်။ ” အခုလို ဆုရရှိတဲ့အတွက်လည်း လူဦးရေနည်းပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတဲ့ ကယားပြည်နယ်မှာ ခရီးသွားတွေပိုမိုဝင်ရောက်လာမှာဖြစ်ပြီး ခရီးသွားဝင်ရောက်တာများလာရင်  ဒေသခံတွေ အလုပ်အကိုင် ရရှိလာမှာဖြစ်တယ်လို့လည်းပြောပါတယ်။ ဆုကိုလက်ခံရယူဖို့ ပြည်ထောင်စုအစိုးရကနေ  အမည်စာရင်းတောင်းထားတဲ့အတွက် ကယားပြည်နယ်အနေနဲ့ ဝန်ကြီးချုပ်အပါအဝင် စီမံဘဏ္ဍာဝန်ကြီးနဲ့ ကယားပြည်နယ် ဟိုတယ်နဲ့ခရီးသွားဌာနပြည်နယ်မှူး ဦးလင်းဇော်ထွဋ်တို့  တက်ရောက်ဆုယူဖို့ စာရင်းပေးထားပါတယ်။  အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက  သန့်ရှင်းသော ခရီးသွားမြို့တော်များ (Clean Tourist City)၊ မြို့ပြခရီးစဉ်ဒေသ (Urban Destination) နဲ့ ကျေးလက်ခရီးစဉ် ဒေသ ( Rural Destination) တွေကို ရွေးချယ်ပြီး အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (ASEAN Tourism Forum – ATF ) မှာ ချီးမြှင့်တာဖြစ်ပါတယ်။  အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (ASEAN Tourism Forum – ATF ) ကို လာမယ့် ၂၀၂၀  ဇန်နဝါရီ ၁၂ ရက်ကနေ ၁၆ ရက်အထိ ဘရူနိုင်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ 
အာဆီယံသန႔္ရွင္းေသာၿမိဳ႕ေတာ္ဆု လြိဳင္ေကာ္၊ ေတာင္ႀကီးႏွင့္ ထားဝယ္ၿမိဳ႕တို႔ ရရွိ ေနာ္ႏိုရင္း ကယားျပည္နယ္ၿမိဳ႕ေတာ္ လြိဳင္ေကာ္ၿမိဳ႕အပါအဝင္ ျမန္မာႏိုင္ငံက ၿမိဳ႕ ၃ ၿမိဳ႕ဟာ ၂၀၁၉ ခုႏွစ္အတြက္ အာဆီယံ သန႔္ရွင္းေသာၿမိဳ႕ေတာ္ဆု ရရွိသြားပါတယ္။ လာမယ့္ ၂၀၂၀ ဇန္နဝါရီလ ဘ႐ူႏိုင္းႏိုင္ငံမွာ က်င္းပမယ့္ ဒုတိယ အႀကိမ္ေျမာက္ အာဆီယံခရီးသြားလုပ္ငန္းဖိုရမ္ (ASEAN Tourism Forum – ATF ) အတြက္ သန႔္ရွင္းေသာ ခရီးသြားၿမိဳ႕ေတာ္ဆုဝင္ၿပိဳင္ရာမွာ လြိဳင္ေကာ္ၿမိဳ႕ အေနနဲ႔ သန႔္ရွင္းေသာၿမိဳ႕ေတာ္ ဆုရရွိသြားတာ လို႔ ကယားျပည္နယ္ ဟိုတယ္နဲ႔ခရီးသြားလာေရးၫြန္ၾကားမႈ ဦးစီးဌာန ၫြန္ၾကားေရးမႉး ဦးလင္းေဇာ္ထြဋ္ ကေျပာပါတယ္။ “ဒီ ၂၀၂၀ ဇန္နဝါရီလ ဘ႐ူႏိုင္းႏိုင္ငံမွာ ဒုတိယအႀကိမ္ အာဆီယံခရီးသြားပြဲေတာ္လုပ္မွာေပါ့။ က်ေနာ္တို႔က အဲဒီပြဲမွာ က်ေနာ္တို႔ ျပည္နယ္နဲ႔ကိုက္ညီတဲ့ဟာၿပိဳင္ေတာ့ က်ေနာ္တို႔ ကယား ျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ဟာ သန႔္လည္းသန႔္ရွင္းတယ္။ ၿမိဳ႕လည္း အမႈိက္ကင္းစင္တယ္ဆိုေတာ့ က်ေနာ္တို႔က အဲဒီေခါင္းစဥ္နဲ႔ ကိုက္တဲ့ဟာကို က်ေနာ္တို႔ ဝင္ၿပိဳင္တာေပါ့ဗ်ာ။ ဝင္ၿပိဳင္တဲ့ အခါ က်ေတာ့မွ က်ေနာ့္တို႔လြိဳင္ေကာ္ၿမိဳ႕ကေတာ့ ဆုရရွိလို႔ ဆုတက္ေရာက္ယူဖို႔ဝန္ႀကီးဌာနက အေၾကာင္းၾကား လာတာေပါ့။ ” အဆိုပါ ပြဲေတာ္မွာ အာဆီယံေဒသတြင္း ႏိုင္ငံအားလုံး ဝင္ေရာက္ယွဥ္ၿပိဳင္တာျဖစ္ၿပီး ႏိုင္ငံတခုကို ၃ ၿမိဳ႕စီေ႐ြးခ်ယ္ေပးအပ္တာလို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ ရန္ကုန္၊ မႏၲေလးၿမိဳ႕အပါအဝင္ ၿမိဳ႕ေပါင္း ၅၀ ေက်ာ္ ဝင္ေရာက္ ယွဥ္ၿပိဳင္ရာကေန ကယားျပည္နယ္လြိဳင္ေကာ္၊ တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕နဲ႔ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ ရရွိတာျဖစ္ပါတယ္။ ဒီလိုဝင္ေရာက္ယွဥ္ၿပိဳင္ရာမွာ အာဆီယံခရီးသြားလုပ္ငန္းဖိုရမ္က သတ္မွတ္ထားတဲ့ အခ်က္ ၁၀၈ ခ်က္ရွိၿပီး အဲဒီအခ်က္ရဲ႕ ၈၀ ရာခိုင္ႏႈန္းေက်ာ္ေအာင္မွာ ဆန္ကာ တင္ေ႐ြးခ်ယ္တာျဖစ္တယ္လို႔ ဦးေဇာ္လင္းထြဋ္က ေျပာပါတယ္။ “က်ေနာ္တို႔ ျပည္နယ္က Criteria ၁၀၈ ခ်က္အျပင္ကို က်ေနာ္တို႔ျပည္နယ္မွာရွိတဲ့ ဌာနေတြရဲ႕အခ်က္ေတြ ယူၿပီးတင္လိုက္တဲ့အခါမွာ ၉၀ ရာခိုင္ႏႈန္းေက်ာ္လို႔ရရွိသြားတာေပါ့ေနာ္။ ” အခုလို ဆုရရွိတဲ့အတြက္လည္း လူဦးေရနည္းၿပီး အလုပ္အကိုင္အခြင့္အလမ္း ရွားပါးတဲ့ ကယားျပည္နယ္မွာ ခရီးသြားေတြပိုမိုဝင္ေရာက္လာမွာျဖစ္ၿပီး ခရီးသြားဝင္ေရာက္တာမ်ားလာရင္ ေဒသခံေတြ အလုပ္အကိုင္ ရရွိလာမွာျဖစ္တယ္လို႔လည္းေျပာပါတယ္။ ဆုကိုလက္ခံရယူဖို႔ ျပည္ေထာင္စုအစိုးရကေန အမည္စာရင္းေတာင္းထားတဲ့အတြက္ ကယားျပည္နယ္အေနနဲ႔ ဝန္ႀကီးခ်ဳပ္အပါအဝင္ စီမံဘ႑ာဝန္ႀကီးနဲ႔ ကယားျပည္နယ္ ဟိုတယ္နဲ႔ခရီးသြားဌာနျပည္နယ္မႉး ဦးလင္းေဇာ္ထြဋ္တို႔ တက္ေရာက္ဆုယူဖို႔ စာရင္းေပးထားပါတယ္။ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံေတြက သန႔္ရွင္းေသာ ခရီးသြားၿမိဳ႕ေတာ္မ်ား (Clean Tourist City)၊ ၿမိဳ႕ျပခရီးစဥ္ေဒသ (Urban Destination) နဲ႔ ေက်းလက္ခရီးစဥ္ ေဒသ ( Rural Destination) ေတြကို ေ႐ြးခ်ယ္ၿပီး အာဆီယံခရီးသြားလုပ္ငန္းဖိုရမ္ (ASEAN Tourism Forum – ATF ) မွာ ခ်ီးျမႇင့္တာျဖစ္ပါတယ္။ အာဆီယံခရီးသြားလုပ္ငန္းဖိုရမ္ (ASEAN Tourism Forum – ATF ) ကို လာမယ့္ ၂၀၂၀ ဇန္နဝါရီ ၁၂ ရက္ကေန ၁၆ ရက္အထိ ဘ႐ူႏိုင္းႏိုင္ငံမွာ က်င္းပမွာျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024