အင်ဒိုနီးရှားတွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံးလူစုခွဲ  

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ  စက်တင်ဘာ ၃၀ ရက်နေ့က ဥပဒေသစ် ဆန့်ကျင် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲခဲ့ပါတယ်။   အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီကို ထိခိုက်စေတယ်လို့ ဝေဖန်သူတွေ ပြောဆိုတဲ့ ဥပဒေသစ်နဲ့ အိမ်ထောင်ဖက် မဟုတ်သူနဲ့ လိင်ဆက်ဆံမှုကို တားမြစ်တဲ့ ရာဇဝတ်ဥပဒေတို့ကို လွှတ်တော်အနီးမှာ   ထောင်ချီတဲ့ ဆန္ဒပြသူတွေက ဆန့်ကျင် ဆန္ဒပြကြတာပါ။ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီကို အုပ်ချုပ်တဲ့ ဥပဒေကြမ်းဟာ  အေဂျင်စီရဲ့ လုပ်ကိုင်နိုင်စွမ်းကို ထိခိုက်နိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။    ဒီဥပဒေကြမ်း ပြဋ္ဌာန်းရေးကြောင့် အင်ဒိုနီးရှားနိုင်ငံတဝန်းမှာ ကျောင်းသား အစုအဝေးတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲတချို့ဟာ ခေါင်းဆောင် ဆူဟာတို ပြုတ်ကျစေတဲ့ ၁၉၉၈ ခုနှစ် ကျောင်းသားဆန္ဒပြပွဲနောက်ပိုင်း အကြီးမားဆုံး ဖြစ်ပါတယ်။ လွှတ်တော်ကို လာပြီး လမ်းပိတ်ဆို့ဖို့ ကြိုးပမ်းတဲ့ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နဲ့ လူစုခွဲကြပါတယ်။   ဆန္ဒပြ ကျောင်းသားတွေဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းအတွက် ရန်ပုံငွေ ထောက်ပံ့တာ အပါအဝင် ဆိုရှယ်မီဒီယာကို သုံးပြီး ဆန္ဒပြပွဲတွေ လုပ်ကြပါတယ်။ အဲဒီအတွက် လုံခြုံရေးအရ မြို့တော် ဂျာကာတာမှာ ရဲနဲ့စစ်ဘက်တပ်ဖွဲ့ဝင်အင်အား ၂၀,၀၀၀ ကျော်ကို ဖြန့်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အင္ဒိုနီးရွားတြင္ ဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဓာတ္ေငြ႕သုံးလူစုခြဲ   အင္ဒိုနီးရွားႏိုင္ငံ ၿမိဳ႕ေတာ္ ဂ်ာကာတာမွာ  စက္တင္ဘာ ၃၀ ရက္ေန႔က ဥပေဒသစ္ ဆန႔္က်င္ ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဓာတ္ေငြ႕သုံး လူစုခြဲခဲ့ပါတယ္။ အက်င့္ပ်က္ ျခစားမႈ တိုက္ဖ်က္ေရး ေအဂ်င္စီကို ထိခိုက္ေစတယ္လို႔ ေဝဖန္သူေတြ ေျပာဆိုတဲ့ ဥပေဒသစ္နဲ႔ အိမ္ေထာင္ဖက္ မဟုတ္သူနဲ႔ လိင္ဆက္ဆံမႈကို တားျမစ္တဲ့ ရာဇဝတ္ဥပေဒတို႔ကို လႊတ္ေတာ္အနီးမွာ   ေထာင္ခ်ီတဲ့ ဆႏၵျပသူေတြက ဆန႔္က်င္ ဆႏၵျပၾကတာပါ။ အက်င့္ပ်က္ ျခစားမႈ တိုက္ဖ်က္ေရး ေအဂ်င္စီကို အုပ္ခ်ဳပ္တဲ့ ဥပေဒၾကမ္းဟာ  ေအဂ်င္စီရဲ႕ လုပ္ကိုင္ႏိုင္စြမ္းကို ထိခိုက္ႏိုင္တယ္လို႔ တက္ႂကြလႈပ္ရွားသူေတြက ဆိုပါတယ္။ ဒီဥပေဒၾကမ္း ျပ႒ာန္းေရးေၾကာင့္ အင္ဒိုနီးရွားႏိုင္ငံတဝန္းမွာ ေက်ာင္းသား အစုအေဝးေတြ ဆက္တိုက္ေပၚေပါက္ခဲ့ပါတယ္။ အဲဒီဆႏၵျပပြဲတခ်ိဳ႕ဟာ ေခါင္းေဆာင္ ဆူဟာတို ျပဳတ္က်ေစတဲ့ ၁၉၉၈ ခုႏွစ္ ေက်ာင္းသားဆႏၵျပပြဲေနာက္ပိုင္း အႀကီးမားဆုံး ျဖစ္ပါတယ္။ လႊတ္ေတာ္ကို လာၿပီး လမ္းပိတ္ဆို႔ဖို႔ ႀကိဳးပမ္းတဲ့ ေက်ာင္းသားေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ သမဂၢအဖြဲ႕ဝင္ေတြကို ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဓာတ္ေငြ႕နဲ႔ လူစုခြဲၾကပါတယ္။ ဆႏၵျပ ေက်ာင္းသားေတြဟာ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းအတြက္ ရန္ပုံေငြ ေထာက္ပံ့တာ အပါအဝင္ ဆိုရွယ္မီဒီယာကို သုံးၿပီး ဆႏၵျပပြဲေတြ လုပ္ၾကပါတယ္။ အဲဒီအတြက္ လုံၿခဳံေရးအရ ၿမိဳ႕ေတာ္ ဂ်ာကာတာမွာ ရဲနဲ႔စစ္ဘက္တပ္ဖြဲ႕ဝင္အင္အား    ၂၀,၀၀၀ ေက်ာ္ကို ျဖန႔္ထားတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up