အောင်ဆန်းရုပ်ရှင် အမျိုးသားပြတိုက်နှင့် ရန်ကုန်တက္ကသိုလ်တွင် ရိုက်ကူး
သူသူအောင်
·
October 1, 2019
အောင်ဆန်းရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့က အမျိုးသားပြတိုက်မှာ စက်တင်ဘာ ၃၀ ရက်ကနေ စတင်ရိုက်ကူးနေပါတယ်။
အောက်တိုဘာ ၁ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကျောင်းသားဘဝကို ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့အတူ ရန်ကုန်တက္ကသိုလ်ထဲမှာ ရိုက်ကူးနေပါတယ်။
အောင်ဆန်းရုပ်ရှင်ကို ရန်ကုန်အပါအဝင် မန္တလေး၊ အင်းဝ၊ ရေနံချောင်း အစရှိတဲ့ မြို့တွေမှာပါ သွားရောက်ရိုက်ကူးမှာပါ။
ဒီဇာတ်ကားမှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန့်ဇာခြည်လင်း၊ ကျောင်းသားခေါင်းဆောင်ကိုဗဟိန်း အဖြစ်ညိုမင်းလွင်၊ သခင်နုအဖြစ် အောင်မော်ထွန်း၊ မန်းဘခိုင်အဖြစ်မင်းဦး၊ သခင်မြအဖြစ် ရဲအောင်၊ ဒေါက်တာ ဘမော်အဖြစ် ရန်အောင်၊ မာရီလှအဖြစ် မိုးဟေကို၊ ဗိုလ်နေဝင်းအဖြစ်နိုင်နိုင်း၊ ဗိုလ်မင်းရောင်အဖြစ်လူမင်းနဲ့ ဂဠုန်ဦးစောနေရာမှာ ဂဠုန်ဦးစောမြစ်ဖ ဇော်ဇော်ပိုင်တို့ ပါဝင်သရုပ်ဆောင်သွားမှာပါ။
အောင်ဆန်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ လူမင်းက တာဝန်ယူ ရိုက်ကူးနေတာဖြစ်ပြီး လာမယ့်၂၀၂၀ ပြည့်နှစ်မှာ ရုံတင်ပြသနိုင်အောင် ရိုက်ကူးရေးအဖွဲ့က ကြိုးပမ်းနေပါတယ်။