Home
မြန်မာသတင်း
မြန်မာနိုင်ငံမှ ရွှေအလေးချိန် ၁၇ ကီလိုနီးပါး မှောင်ခိုသွင်းလာသူ ၄ ဦးကို အိန္ဒိယ ဖမ်းဆီး
DVB
·
October 1, 2019
မြန်မာနိုင်ငံဘက်ကနေ ရွှေအလေးချိန် ၁၆ ဒဿမ ၉  ကီလိုဂရမ်ကို တရားမဝင်မှောင်ခိုတင်သွင်းလာတဲ့သူ ၄ ဦးကို ဖမ်း ဆီးနိုင်ခဲ့တယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြပါတယ်။   အိန္ဒိယအ ခွန်စည်းကြပ်စစ်ဆေးရေးဝန်ကြီးဌာန(ဒီအာရ်အိုင်)က  အဆိုပါ တရားခံ ၄ ဦးကို ဂိုဟာသီမှ ဒေလီမြို့အသွား ရထားတစင်းပေါ်မှာ စစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ စစ်ဆေးရေးအဖွဲ့က ဈေးကွက်ပေါက်ဈေး ရူပီးငွေ ၆ ဒဿမ ၄၃ ကုဋေတန်ကြေး ရှိတဲ့ ရွှေသားအလေးချိန် ၁၆ ဒဿမ ၉၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ အထူးစုံစမ်းစစ်ဆေးရေးစီမံချက်အရ စစ်ဆေးရာမှာ ခုလိုတွေ့ရတာဖြစ်ပြီး ဒီရွှေတွေကို မြန်မာဘက် မိုရေးနယ်စပ်ကနေတဆင့် ခိုးသွင်းခဲ့ကြပြီး ဒေလီ၊ မွမ်ဘိုင်းနဲ့ ကိုးလ်ကတ္တားဈေးကွက် မှာ ပြန်လည်ရောင်းချနိုင်ဖို့ ဖြစ်တယ်လို့ နယူးဒေလီအခြေစိုက် အေအဲန်အိုင်သတင်းမှာ ဖော်ပြပါတယ်။ ဖမ်းဆီးရမိတဲ့ တရားခံတွေရဲ့ အမည်နဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ သ တင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ဓာတ်ပုံ- ANI
ျမန္မာႏိုင္ငံမွ ေ႐ႊအေလးခ်ိန္ ၁၇ ကီလိုနီးပါး ေမွာင္ခိုသြင္းလာသူ ၄ ဦးကို အိႏၵိယ ဖမ္းဆီး DVB ျမန္မာႏိုင္ငံဘက္ကေန ေ႐ႊအေလးခ်ိန္ ၁၆ ဒႆမ ၉ ကီလိုဂရမ္ကို တရားမဝင္ေမွာင္ခိုတင္သြင္းလာတဲ့သူ ၄ ဦးကို ဖမ္း ဆီးႏိုင္ခဲ့တယ္လို႔ အိႏၵိယ သတင္းေတြမွာ ေဖာ္ျပပါတယ္။ အိႏၵိယအ ခြန္စည္းၾကပ္စစ္ေဆးေရးဝန္ႀကီးဌာန(ဒီအာရ္အိုင္)က အဆိုပါ တရားခံ ၄ ဦးကို ဂိုဟာသီမွ ေဒလီၿမိဳ႕အသြား ရထားတစင္းေပၚမွာ စစ္ေဆးရာကေန ဖမ္းဆီးရမိခဲ့တာလို႔ ဆိုပါတယ္။ စစ္ေဆးေရးအဖြဲ႕က ေဈးကြက္ေပါက္ေဈး ႐ူပီးေငြ ၆ ဒႆမ ၄၃ ကုေဋတန္ေၾကး ရွိတဲ့ ေ႐ႊသားအေလးခ်ိန္ ၁၆ ဒႆမ ၉၅ ကီလိုဂရမ္ကို သိမ္းဆည္းရမိခဲ့တာ ျဖစ္ပါတယ္။ စက္တင္ဘာလ ၂၇ ရက္နဲ႔ ၂၈ ရက္ေန႔ေတြမွာ အထူးစုံစမ္းစစ္ေဆးေရးစီမံခ်က္အရ စစ္ေဆးရာမွာ ခုလိုေတြ႕ရတာျဖစ္ၿပီး ဒီေ႐ႊေတြကို ျမန္မာဘက္ မိုေရးနယ္စပ္ကေနတဆင့္ ခိုးသြင္းခဲ့ၾကၿပီး ေဒလီ၊ မြမ္ဘိုင္းနဲ႔ ကိုးလ္ကတၱားေဈးကြက္ မွာ ျပန္လည္ေရာင္းခ်ႏိုင္ဖို႔ ျဖစ္တယ္လို႔ နယူးေဒလီအေျခစိုက္ ေအအဲန္အိုင္သတင္းမွာ ေဖာ္ျပပါတယ္။ ဖမ္းဆီးရမိတဲ့ တရားခံေတြရဲ႕ အမည္နဲ႔ အေၾကာင္းအရာအေသးစိတ္ကိုေတာ့ သ တင္းမွာ ေဖာ္ျပထားျခင္း မရွိပါဘူး။ ဓာတ္ပုံ- ANI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024